အထင်ကရ လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက်( FTA)ကို အိန္ဒိယ နဲ့ အီးယူ လက်မှတ်ရေးထိုးနိုင်ခဲ့ - Myanmar National Post

Myanmar National Post

News Agency

Breaking

အထင်ကရ လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက်( FTA)ကို အိန္ဒိယ နဲ့ အီးယူ လက်မှတ်ရေးထိုးနိုင်ခဲ့




ဇန်နဝါရီ - ၂၇ ( အင်္ဂါနေ့ ) 

အိန္ဒိယနှင့် ဥရောပသမဂ္ဂ ( အီးယူ ) တိုသည် ကမ္ဘာ့ကုန်သွယ်ရေးရဲ့ သုံးပုံတစ်ပုံခန့်ကို ကိုယ်စားပြုသောကြောင့် “သဘောတူညီချက်အားလုံး၏မိခင်” ဟု ခေါ်တွင်ရသည့် အထင်ကရ လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက်( FTA)ကို လက်မှတ်ထိုးနိုင်ခဲ့တယ်လို ဒီကနေ့ပဲ ကြေညာခဲ့ပါတယ်။ 

ဝန်ကြီးချုပ် နာရင်ဒရာမိုဒီ က အိန္ဒိယ-အီးယူ FTA သဘောတူညီချက်ကို အီးယူခေါင်းဆောင်များ နယူးဒေလီကို သို ရောက်ရှိရန် တစ်ရက်အလိုတွင် အဆိုပါ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ 

အဆိုပါ သဘောတူညီချက်သည် ကမ္ဘာ့စီးပွားရေးအကြီးဆုံး အင်အားစု တွေထဲက ၂ ခုကြားမှာ ညှိနှိင်းဆောင်ရွက်မှုရဲ့ ထူးခြားသော စံနမူနာတစ်ခုအဖြစ် ရပ်တည်နေကြောင်း ဝန်ကြီးချုပ်ရုံးမှ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။ ၎င်းက ဆယ်စုနှစ် နှစ်ခုခန့် အကြာ အထပ်ထပ် ညှိနှိင်းဆွေးနွေးမှုများပြီးနောက်မှ ရလိုက်တာပါ။  

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ကမ္ဘာလုံးဆိုင်ရာ ကူးသန်းရောင်းဝယ်ရေးနဲ့ နိုင်ငံတကာဆက်ဆံရေးမှာ မသေချာမရေရာမှုတွေ ထိုးသွင်းလိုက်တဲ့ အချိန်မှာ အစိုးရနှစ်ရပ်ကြား တည်ငြိမ်ရေး ကြိုးပမ်းဖို အခုလို သဘောတူညီချက် ထွက်ပေါ်လာတာပါ။

ဝန်ကြီးချုပ်ရုံးရဲ့အဆိုအရ အဆိုပါသဘောတူညီချက်သည် ကမ္ဘာလုံးဆိုင်ရာ ပြည်တွင်းအသားတင်ထုတ်ကုန်၏ လေးပုံတစ်ပုံနီးပါးနှင့် ကမ္ဘာ့ကုန်သွယ်မှု၏ သုံးပုံတစ်ပုံကို ကိုယ်စားပြုတယ်လို ဆိုပါတယ်။ “ကုန်သွယ်ရေးအပြင်၊ ဒီသဘောတူညီချက်ဟာ ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးရေးအတွက် တူညီတဲ့ကတိကဝတ်ကို ခိုင်မာစေပါတယ်” လို နယူးဒေလီက ဆိုပါတယ်။  

အိန္ဒိယ၏ ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုကဏ္ဍများကို မြှင့်တင်ပေးနေစဉ်တွင် ကုန်သွယ်မှုနှင့် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်များကို အားဖြည့်ပေးသည့်အနေဖြင့် ဗြိတိန်နှင့် ဥရောပလွတ်လပ်သော ကုန်သွယ်မှုအသင်းတိုနှင့် သဘောတူညီချက်များကို ဖြည့်သွင်းရန် ကုန်သွယ်ရေးသဘောတူညီချက်ကို မျှော်လင့်ကြောင်း မိုဒီက ပြောကြားခဲ့ပါတယ်။ 

ကုန်သွယ်ရေးသဘောတူညီချက်မရသေးမီတွင် နှစ်နိုင်ငံအစိုးရသည် တစ်နှစ်လျှင် ဒေါ်လာ ၂၁၃.၄ ဘီလီယံတန်ဖိုးရှိ ကုန်စည်နှင့် ဝန်ဆောင်မှုလုပ်ငန်းများတွင် ပါဝင်နေပြီး သဘောတူညီချက်သစ်အရ အိန္ဒိယသို အီးယူ ကုန်ပစ္စည်းတင်ပို့မှု ၂၀၃၂ တွင် အာရှနိုင်ငံသို့ အီးယူ ကုန်ပစ္စည်းတင်ပိုမှု ၉၆.၆ % ကို စည်းကြပ်ခွန် ကင်းရှင်းခြင်းဖြင့် နှစ်ဆတိုးရန် မျှော်လင့်ထားပါတယ်။ 


REF: UPI

#MNP #News 

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)