Pages

Pages

ရခိုင်ပြည်နယ်သို့ MV- Royal Venus သင်္ဘောဖြင့် ရန်ကုန်မြို့မှ ဆန်နှင့်အခြေခံစားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ ပို့ဆောင်ပေးလျက်ရှိ







စစ်တွေ၊ ဇန်နဝါရီ   ၂၈

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ် ကျော်စွာဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊  ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် စစ်တွေတပ်နယ်မှ တပ်မတော်အဆင့်မြင့်အရာရှိကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ယနေ့နံနက်ပိုင်းက ရက္ခပူရဗုဒ္ဓတက္ကသိုလ်နှင့် မြောက်ဦးဓမ္မစင်တာ၏ အဓိပဓိပြည်တွင်း၊ ပြည်ပသာသနာပြုဓမ္မကထိက၊ ရတနာမာရ်အောင်တောရ ဓမ္မရိပ်သာများ၏ ဦးစီးပဓာနနာယကချုပ် အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ၊ အဂ္ဂမဟာကမ္မာဋ္ဌာနာစရိယ မြောက်ဦးဆရာတော် ဝနဝါသီ အရှင်ဝါယာမိန္ဒအား သွားရောက်ဖူးမြော်ပြီး ဆရာတော်ကြီး၏ သာသနာပြုခရီးစဉ်အတွက် ဆန်နှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ ပေးအပ်လှူဒါန်းကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး တာဝန်ရှိသူများသည် မြောက်ဦးဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေး ခဲ့ကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး တာဝန်ရှိသူများသည် မြောက်ဦး ဆရာတော်ကြီးမှ ဆက်လက်လှူဒါန်းမည့် ဆန်နှင့် ပဲများ ထုတ်ပိုးထားရှိမှုကို ကြည့်ရှုကြသည်။

မြောက်ဦးဆရာတော်ကြီး၏ စစ်တွေမြို့ သာသနာပြုခရီးစဉ်တွင် အလှူရှင်များက လှူဒါန်းသော ဆန်နှင့်ပဲများကို စစ်တွေမြို့ပေါ်ရှိ ယာယီနေရပ်စွန့်ခွာပြည်သူများ၊ လိုအပ်ချက်ရှိသောပြည်သူများ အိမ်ထောင်စု(၅၀၀၀)တို့ကို လှူဒါန်းပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည်  ဇန်နဝါရီ ၂၈ ရက် နံနက်ပိုင်းက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် စီမံကိန်းလုပ်ငန်းများအပေါ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ပြီး ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် စီမံကိန်းလုပ်ငန်း များအပေါ်  အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ကြရာ ရခိုင်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးကျော်မိုးက စီမံကိန်းလုပ်ငန်းများအပေါ်အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုနှင့် ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းအစီအမံများအား ရှင်းလင်းတင်ပြသည်။

တင်ပြချက်များအပေါ် ပြည်နယ်သယံဇာတရေးရာဝန်ကြီးက အကောင်အထည် ဖော်ဆောင်ရွက်နိုင်မှုနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းအစီအမံများအား ဖြည့်စွက်ရှင်းလင်းတင်ပြီး ပြည်နယ် အစိုးရအဖွဲ့ဝင်များက အကြံပြုဆွေးနွေးတင်ပြကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်ကဆွေးနွေးပေးပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် စည်ပင်သာယာရေးလုပ်ငန်းများဖြစ်သည့် လမ်းလုပ်ငန်းများ၊ ရေမြောင်းလုပ်ငန်းများ၊ ပလက်ဖောင်းလုပ်ငန်းများ၊ မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ၊ ဈေးများပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်း၊ မြို့ဥပဓိရုပ် ကောင်းမွန်စေရေး လုပ်ငန်းများ၊ မြို့ဝင်မုခ်ဦးတည် ဆောက်ခြင်းလုပ်ငန်းနှင့် အခြားလုပ်ငန်းများအတွက် အကောင် အထည်ဖော်ဆောင်ရွက် နိုင်ရေးအတွက် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် လုပ်ငန်းများ ခွင့်ပြုထားရှိ ပြီးဖြစ်ကြောင်း၊   ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်ကုန်ဆုံးမည် ဖြစ်သည့်အတွက် လုပ်ငန်းများဆောင်ရွက် ပြီးစီးမှုအခြေအနေ၊ လုပ်ငန်းဆောင်ရွက်ဆဲ၊ ဆောင်ရွက်ရန် ကျန်ရှိသည့် လုပ်ငန်းများနှင့်ပတ်သက်၍ စနစ်တကျကြတ်မတ်ဆောင်ရွက်သွားရန်လိုကြောင်းနှင့် အချိန်မီပြီးစီးနိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ဘက်စုံသုံးဆိပ်ကမ်းတွင် ရခိုင်ပြည်နယ်သို့ MV- Royal Venus သင်္ဘောဖြင့် ရန်ကုန်မြို့မှ ဆန်နှင့်အခြေခံစားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများရောက်ရှိလာမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ဖောင်တော်ကြီး)သို့သွားရောက်ပြီး အမ်ဗွီရွှေအိမ်သည်သင်္ဘောဖြင့် တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများ ရောက်ရှိလာမှုနှင့်အတင်အချပြုလုပ်နေမှုကို  သွားရောက်ကြည့်ရှုသည်။

စစ်တွေမြို့တွင် ကုန်တင်ကုန်ချပြုလုပ်နေသော MV- Royal Venus သင်္ဘောတွင် ဆန်နှင့် အခြေခံ စားသောက်ကုန်ပစ္စည်းများ တန်ချိန် ၃၅၄၄ ဒသမ ၅ တန်တင်ဆောင်၍လည်းကောင်း၊ အမ်ဗွီရွှေအိမ်သည်သင်္ဘောတွင်  တည်ဆောက်ရေးသုံးငန်းများပစ္စည်းတန်ချိန် ၃၃၀၅ တန်တင်ဆောင်၍ စစ်တွေမြို့သို့ ရောက်ရှိလာခြင်းဖြစ်သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေတက္ကသိုလ်တွင် 100 KVA ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးတပ်ဆင်ထားရှိမှု ကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အစိုးရနည်းပညာ အထက်တန်း ကျောင်း (စစ်တွေ)တွင် 50 KVA ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးတပ်ဆင်ထားရှိမှု အားလည်းကောင်း၊ ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)တို့တွင် 100 KVA ဆိုလာစနစ်ဖြင့်လျှပ်စစ်မီးတပ်ဆင်ထားရှိမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တက္ကသိုလ်များတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။


တင်ထွန်း၊  ဓာတ်ပုံ- ဝင်းမင်းစိုး

#MNP #News

ليست هناك تعليقات:

إرسال تعليق