Pages

Pages

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပေါင်းတည်မြို့နယ် TBL-9 မတ်ပဲခင်းအား ကြည့်ရှုအားပေး

 



ပေါင်းတည်  ၊ ဇန်နဝါရီ ၃၀

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေနှင့် အဖွဲ့သည် ယမန်နေ့ နေ့လယ် ၁နာရီခွဲအချိန်က ပေါင်းတည်မြို့နယ်၊ မကျီးပင်ကျေးရွာအုပ်စု၊ မကျီးပင်ကျေးရွာ၌ နွားကျင်ငယ်ရေစမ်းသပ် ပက်ဖျန်းအသုံးပြုထား၍ အောင်မြင်ဖြစ်ထွန်းလျက်ရှိသည့် TBL-9 မတ်ပဲခင်းအား ကြည့်ရှုအားပေးခဲ့ကြသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပေါင်းတည်မြို့နယ် မန်ကျီးပင်ကျေးရွာအုပ်စု၊ ကွင်းအမှတ် ၁၁၂၆ (C) ၊ ကွင်းအမှတ် (၁၀၆) ရှိ တောင်သူ‌ဦးအေးထွန်း၏ TBL-9မတ်ပဲ ၅ဧက စိုက်ခင်း၌ နွားကျင်ငယ်ရေ စမ်းသပ်ပက်ဖျန်းစိုက်ပျိုးထားသည့် ဒဿမ ၁၀ မတ်ပဲစိုက်ကွက်အား လေ့လာကြည့်ရှုကြရာ၌ နွားကျင်ငယ်ရေအား ရွက်ဖျန်းမြေဩဇာအဖြစ် သုံးစွဲပက်ဖျန်းထားသည့် မတ်ပဲစိုက်ကွက်သည် နွားကျင်ငယ်ရေ ပက်ဖျန်းအသုံးမပြုသည့် စိုက်ခင်းများထက် ပိုမိုအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းတွေ့ရှိရကြောင်း၊ တောင်သူများအနေဖြင့် စိုက်ပျိုးစရိတ်လွန်စွာသက်သာသည့် သဘာဝနွားကျင်ရေကို ရွက်ဖျန်းမြေဩဇာဖြင့် ယုံကြည်စိတ်ချစွာ အသုံးပြုစေလိုကြောင်းနှင့် တောင်သူများ အကျိုးဖြစ်ထွန်း‌စေရေးအတွက် သီးနှံများစိုက်ပျိုးရာ၌ တွင်ကျယ်စွာ ဆက်လက်အသုံးပြုနိုင်စေရေး လမ်းညွန်မှာကြားခဲ့ကြောင်း သိရသည်။

ရွှေသား

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق