မတ် - ၄
အီရန်နိုင်ငံတောင်ပိုင်း လာမက်ဒ် မြို့ရှိ အားကစားရုံတစ်ခုကို အမေရိကန်၏ လေကြောင်းမှ တိုက်ခိုက်မှုကြောင့် အမျိုးသမီး ဘော်လီဘောကစားသမား ၂၀ ဦး သေဆုံးခဲ့ကြောင်း အီရန်မီဒီယာများက ဖော်ပြပါတယ်။
အီရန်နိုင်ငံ တောင်ပိုင်းရှိ ဖားစ် ပြည်နယ် လာမက်ဒ် မြို့ရှိ အားကစားရုံကို အမေရိကန်က လေကြောင်းမှ တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း အီရန်ပြည်တွင်း ရုပ်သံဌာန မာယာဒင်း မယန်နေ့က ဖော်ပြခဲ့ပါတယ်။ အဆိုပါ တိုက်ခိုက်မှုတွင် အမျိုးသမီး ဘော်လီဘော ကစားသမား ၂၀ ဦး သေဆုံးခဲ့ကြောင်း ဆိုပါတယ်။
နိုင်ငံတကာဘော်လီဘောအဖွဲ့ချုပ် (FIVB) က အရှေ့အလယ်ပိုင်းတွင် မငြိမ်မသက်မှုများ ပိုမိုပြင်းထန်လာသဖြင့် လူငယ်ဘော်လီဘောအားကစားသမားများ သေဆုံးမှုသတင်းများကြောင့် တုန်လှုပ်ပြီး အလွန်စိုးရိမ်မိကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပြီး သေဆုံးသူများရဲ့ မိသားစုများနှင့် ထိခိုက်ခံစားခဲ့ရသူများအားလုံးကို အလေးအနက် ဝမ်းနည်းကြောင်း ပြောကြားခဲ့ပါတယ်။
အမေရိကန်-အစ္စရေးတို့ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၂၀၀ ကျော် သေဆုံးပြီး ၇၅၀ နီးပါး ဒဏ်ရာရရှိခဲ့ပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ထိခိုက်ဒဏ်ရာရသူတွေကို ကူညီပေးဖို့ ကယ်ဆယ်ရေးအဖွဲ့ ၂၂၀ ချထားထားတယ်လို့ သိရပါတယ်။
REF: The Nation
#News #MNP



No comments:
Post a Comment