အမေရိကန်တွေ ဂျီနိုဆိုက်လုပ်နေပြီ
(ဧပြီ - ၂ ရက်နေ့ အမေရိကန်- အီရန်စစ်ပွဲနောက်ဆုံးရသတင်းများ)
ဧပြီ - ၂ ( ကြာသပတေးနေ့ )
အီရန်နိုင်ငံရှိ စာသင်ကျောင်းများနှင့် အရပ်သားပစ်မှတ်များကို ရာနဲ့ချီတဲ့ တိုက်ခိုက်မှုများကို အစ္စရေးနှင့် အမေရိကန်တို့ကလုပ်နေတာဖြစ်လို့ “ဂျီနိုဆိုက် ၊ လူမျိုးတုံးသတ်ဖြတ်မှု” ပြုလုပ်နေတယ်လို့ အီရန်ဘက်က စွပ်စွဲလိုက်ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူ့ရဲ့တောင်းဆိုချက်တွေကို မလိုက်လျောဘဲ နေမယ်ဆိုရင် အီရန်ရဲ့ ဓာတ်အားပေးစက်ရုံတွေနဲ့ ရေနံအခြေခံအဆောက်အအုံတွေကို ထပ်မံတိုက်ခိုက်မယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။ မနေ့ကပြောတဲ့ မိန့်ခွန်းတွင် ထရမ့်က အမေရိကန်သည် အောင်ပွဲရရန် အလွန်နီးစပ်နေပြီလို့ အခိုင်အမာဆိုကာ လာမည့် နှစ်ပတ်မှ သုံးပတ်အတွင်း အီရန်ကို အလွန်အမင်း ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။
ဒါပေမဲ့ အနောက်တိုင်းမီဒီယာတွေကတော့ ထရမ့်ရဲ့စကားက ဘာမှအထင်ကြီးစရာမရှိဘူးလို့ ရေးသားဖော်ပြ ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ထရမ့်ရဲ့မိန့်ခွန်းမှာ ရှင်းလင်းပြတ်သားတဲ့ အဖြေတစ်ခုမရှိလို့ပါပဲ လို့ ဆိုကြပါတယ်။ အမေရိကန်က အခြား နိုင်ငံတွေကို ကျူးကျော်တိုက်ခိုက်တာကလည်း အသစ်အဆန်း မဟုတ်ဘူး လို့ ရေးသားကြပါတယ်။
ဘရန့်ရေနံဈေးက တစ်စည်ကို ၁၀၈ ဒေါ်လာအထိ တက်နေချိန်မှာ အာရှစတော့ရှယ်ယာ အညွှန်းကိန်းတွေလည်း ကျဆင်းသွားပါတယ်။
အမေရိကန်ရေတပ်အခြေစိုက်စခန်းတစ်ခုကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့ အီရန်က အစ္စရေးနှင့် ကူဝိတ်အပါအဝင် ပင်လယ်ကွေ့နိုင်ငံများကို ဒုံးကျည်အသစ်များနဲ့ ပစ်ခတ်ခဲ့ကြောင်း သတင်းရရှိပါတယ်။
အီရန်က အပစ်အခတ်ရပ်စဲရေးကို လိုလားကြောင်း ထရမ့်ပြောတာကို အီရန်က တစိုက်မတ်မတ် ပယ်ချခဲ့ပြီး “ကျူးကျော်သူ” ကို အပြစ်ပေးကာ စစ်ပွဲအတွက် နစ်နာကြေးများ ပေးဆောင်သည်အထိ စစ်ပွဲကို ဆက်လက်တိုက်ခိုက်နေမယ်လို့ အီရန်တာဝန်ရှိသူများက ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ရက်တွေတုန်း က အမေရိကန်မှာ ပြုလုပ်တဲ့ စစ်တမ်းကောက်ယူမှုတွင် မဲဆန္ဒရှင်များက အမေရိကန် - အီရန်စစ်ပွဲ နဲ့ အမေရိကန်ရဲ့ စီးပွားရေးကျဆင်းမှုကြောင့် ထရမ့်ကို ထောက်ခံမှုက ၄၀% အောက်သို့ ကျရောက်သွားပါပြီ လို့ သိရပါတယ်။ အမေရိကန် ထိုးစစ်ကို အများစုက ဆန့်ကျင်ကြပြီး တသီးပုဂ္ဂလများက ပြင်းပြင်းထန်ထန် ကန့်ကွက်လာကြသဖြင့် ထောက်ခံမှုမှာ အလွန်နက်ရှိုင်းစွာကျဆင်းသွားတယ်လို့ ဆိုပါတယ်။
အီရန်ရဲ့ အစိုးရအပြောင်းအလဲက အမေရိကန်ရဲ့ စစ်ရေးရည်မှန်းချက် မဟုတ်ဘူးလို့ ထရမ့်က အခိုင်အမာဆိုပေမဲ့ အမေရိကန်သည် အီရန်ထိပ်တန်းအရာရှိအများအပြားကို သတ်ဖြတ်ပြီးနောက် အစိုးရအပြောင်းအလဲ ထိရောက်စွာ ဖြစ်ပေါ်လာတယ်လို့ ဆိုလာပါတယ်။
အမေရိကန်ပြည်သူများထံ အိတ်ဖွင့်ပေးစာတွင် အီရန်သမ္မတ မာဆော့ဒ် ပီဇီကီယန် က ဒေသတွင်းရှိ အမေရိကန်အခြေစိုက်စခန်းများကို တိုက်ခိုက်မှုက "တရားဝင်ကိုယ်ပိုင်ကာကွယ်ရေးအတွက် အခြေတည်သည့် အတိုင်းအတာတစ်ခုအထိ တုံ့ပြန်မှုတစ်ခု" အဖြစ် ဖော်ပြခဲ့ပြီး အမေရိကန်သည် စစ်ပွဲအတွင်းသို့ ဝင်လာတာက "အစ္စရေးရဲ့ လှုံ့ဆော်မှု"ကြောင့်ဖြစ်ရတာလို့ ဆိုသွားပါတယ်။
REF: RT
#MNP #News

ليست هناك تعليقات:
إرسال تعليق