လှည်းကူး၊ ဧပြီ ၂
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီတို့ ပေါင်းစပ်မှုဖြင့် သက်ကြီးဘိုဘွားများအား ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းနှင့် ကျန်းမာရေးစောင့်ရှောက်ပေးမှုများကို ယမန်နေ့ နံနက် (၉) နာရီမှ နေ့လယ် (၁၂) နာရီထိ မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် သက်ကြီးရွယ်အိုးများအား မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသောင်းဒန်ဦးနှင့် အဖွဲ့ကကျန်းမာရေးဆိုင်ရာများကို စစ်ဆေးကုသဆောင်ရွက်ပေးခြင်း၊ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ပြည့်ပြည့်ဖြိုးနှင့် အဖွဲ့က တိုင်းရင်ဆေးနည်းပညာများဖြင့် ကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ရာ သက်ကြီးဘိုးဘွား ကျား (၈) ဦး၊ မ (၃၇) ဦး စုစုပေါင်း (၄၅) ဦးအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အိရွှေစင်လတ်
#MNP #News


ليست هناك تعليقات:
إرسال تعليق