ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ မင်းဘူးမြို့ ခရိုင်အားကစားကွင်း အဆင့်မြှင့်တင်ပြုပြင်နေမှုနှင့် ၂၀၂၆ ခုနှစ် မိုးရာသီ သစ်တောစိုက်ခင်းတည်ထောင်ရန် ပြင်ဆင်ထားမှု ကွင်းဆင်းစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ မင်းဘူးမြို့ ခရိုင်အားကစားကွင်း အဆင့်မြှင့်တင်ပြုပြင်နေမှုနှင့် ၂၀၂၆ ခုနှစ် မိုးရာသီ သစ်တောစိုက်ခင်းတည်ထောင်ရန် ပြင်ဆင်ထားမှု ကွင်းဆင်းစစ်ဆေး


နေပြည်တော်၊ ဧပြီ ၂

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ရှိ ခရိုင်အားကစားကွင်းသို့ သွားရောက်၍ အားကစားကွင်းအားအဆင့် မြှင့်တင်ပြုပြင်ဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ခရိုင်အားကစားကွင်းအတွင်းပတ်လမ်းနှင့် အပြင်ပတ်လမ်း အုတ်ရေမြောင်း ၃၁၀၂ ပေ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လျာထားချက်အတိုင်း အချိန်မီ ပြီးစီးအောင် ကြိုးပမ်းဆောင်ရွက်ရန် မှာကြားသည်။

ယင်းနောက် မင်းဘူးမြို့နယ်ရှိ ကန်ရေပျိုးဥယျာဉ် တွင် ၂၀၂၆ ခုနှစ် မိုးရာသီ၌ စိုက်ပျိုးရန် သစ်မျိုးခုနစ်မျိုးဖြင့် ပျိုးပင်ပေါင်း ၉၀၀၀၀ ကျော် ပျိုးထောင်ထားရှိမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး သက်တမ်းနှစ်နှစ်၊ အမြင့်နှစ်ပေအထက်ပျိုးပင်များ စဉ်ဆက်မပြတ်ရရှိရေးဆောင်ရွက်သွားရန် မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မင်းဘူးမြို့နယ် ဆင်ခေါင်း-ဇီးအိုင် ကြိုးပြင်ကာကွယ် တောအတွင်း ၂၀၂၆ ခုနှစ် မိုးရာသီတွင် ကျေးရွာထင်းစိုက်ခင်း ဧက ၃၀၊ အထူးစိမ်းလန်းစိုပြည်ရေး စိုက်ခင်းဧက ၄၀ နှင့် ဧက ၃၀ တို့ တည်ထောင်ဆောင်ရွက်နိုင်ရေး မြေပြုပြင်ပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး စိုက်ခင်းတည်ထောင်ခြင်းလုပ်ငန်းစဉ်များ အဆင့်အလိုက် အချိန်မီပြီးစီးရေး၊ တစ်ပင်စိုက်တစ်ပင်ရှင်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် မှာကြားသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် သစ်တောဖုံးလွှမ်းမှု ပြန်လည်ကောင်းမွန်လာစေရေးနှင့် စိမ်းလန်းစိုပြည်စေရေးအတွက် ၂၀၂၆ ခုနှစ် မိုးရာသီတွင် မင်းဘူးခရိုင်အတွင်း သစ်ပင်ပေါင်း ၂၉၀၀၀၀ ကျော် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။


#MNP #News

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)