ကွန်ဂိုမှာ အီဘိုလာ ဗိုင်းရက်စ်ပြန့်လို့ လူ ၆၀ ကျော်သေ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကွန်ဂိုမှာ အီဘိုလာ ဗိုင်းရက်စ်ပြန့်လို့ လူ ၆၀ ကျော်သေ


မေ - ၁၈ ( တနင်္လာနေ့ ) 

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ အီတူရီပြည်နယ်တွင် အီဘိုလာရောဂါဖြစ်ပွားသူ ၆၅ ဦး သေဆုံးခဲ့ကြောင်း အတည်ပြုခဲ့ပြီး အာဖရိကရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာန (CDC) က သောကြာနေ့တွင် ပြောကြားခဲ့ပါတယ်။  

ကွန်ဂိုကျန်းမာရေး ဌာနရဲ့ ပဏာမ ရလဒ်များအရ စမ်းသပ်ထားသော နမူနာ ၂၀ တွင် ၁၃ခုက အီဘိုလာ ရောဂါကူးစက်မှုလို့ သိရပါတယ်။ “အဓိကအားဖြင့် မွန်ဂဝါလူ နဲ့ ရဝမ်ပါရာ ကျန်းမာရေးဇုန်တွေမှာ သံသယရှိသူ ၂၄၆ ဦးနဲ့ သေဆုံးသူ ၆၅ ဦးကို အစီရင်ခံထားပါတယ်” လို့ အာဏာပိုင်များက ပြောကြားခဲ့ပါတယ်။ 

ကျန်းမာရေးအရာရှိများက ဘူနီယာမြို့တွင် သံသယရှိတဲ့ကူးစက်မှုများကို စုံစမ်းစစ်ဆေးလျက်ရှိပေမဲ့ အဆိုပါရောဂါများကို အတည်ပြုနိုင်ခြင်း မရှိသေးပေ။ အာဖရိက CDC က ဒီအာကွန်ဂို၊ ယူဂန်ဒါနှင့် တောင်ဆူဒန်တို့ရဲ့ နယ်စပ်ဒေသများတစ်လျှောက် နိုင်ငံတကာ ကျန်းမာရေး မိတ်ဖက်များနဲ့တွဲဖက်ပြီး  စောင့်ကြည့်ခြင်း၊ ကြိုတင်ပြင်ဆင်ခြင်းနှင့် အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှုများ အားကောင်းလာစေရန် ညှိနှိုင်းဆောင်ရွက်နေကြောင်း ပြောကြားခဲ့ပါတယ်။ 

အလွန်ကူးစက်တတ်သော သွေးလွန်အဖျားဖြစ်တဲ့ အီဘိုလာရောဂါက ရောဂါပိုးရှိသော ခန္ဓာကိုယ်အရည်များ သို့မဟုတ် တစ်သျှူးများနှင့် တိုက်ရိုက်ထိတွေ့ခြင်းအားဖြင့် ပျံ့နှံ့နိုင်ပါတယ်။  ဒီရောဂါအတွက် သေဆုံးမှုနှုန်းက ၉၀ % အထိ ရောက်နိုင်ပါတယ်။ လက္ခဏာများမှာ မကြာခဏ အဖျားကြီးခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ လည်ချောင်းနာခြင်း၊ အော့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ အရေပြားနီမြန်းခြင်းနှင့် အတွင်းပိုင်း သို့မဟုတ် ပြင်ပသွေးထွက်ခြင်းတို့ ပါဝင်ပါတယ်။ 


REF: RT

#MNP #News

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)