တာချီလိတ်မြို့နယ် စာရေးဆရာအသင်းတည်ထောင်ခြင်း (၂၇)နှစ်ပြည့် အထိမ်းအမှတ် နှစ်ပတ်လည်အခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

တာချီလိတ်မြို့နယ် စာရေးဆရာအသင်းတည်ထောင်ခြင်း (၂၇)နှစ်ပြည့် အထိမ်းအမှတ် နှစ်ပတ်လည်အခမ်းအနား ကျင်းပ


တာချီလိတ်  ၊ မေ ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ စာပေဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ဒေသဆိုင်ရာစာပေနှင့် ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းမြှင့်တင်နိုင်ရေးတို့အတွက် မြို့နယ်စာရေး ဆရာအသင်းဖွဲ့စည်းတည်ထောင်ခြင်း (၂၇) နှစ်ပြည့် အထိမ်းအမှတ် နှစ်ပတ်လည် အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ခရိုင်/မြို့နယ် စုပေါင်းရုံး ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။

အခမ်းအနားတွင် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်မင်းထွန်းနှင့် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင့်ဝေသုံတို့က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စာရေးဆရာအသင်းနာယက ဦးဇော်နိုင်ဦး (ကိုသားကြီး)က အသင်းနှင့် ပတ်သက်သည့် လုပ်ငန်းဆိုင်ရာများအား ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌ ဦးလှဌေးက အသင်း၏ (၂၇)နှစ်တာ လှုပ်ရှားဆောင်ရွက်မှုများ၊ လူငယ်စာပေမျိုးဆက်များ ပေါ်ထွန်းလာစေရေးဆိုင်ရာ ဆောင်ရွက်ချက်များနှင့် ကျေးဇူးတင်စကား ပြောကြားသည်။

ယင်းနောက် ၂၀၂၆ ခုနှစ်၊ ရွှေတြိဂံမဂ္ဂဇင်းထုတ်ဝေနိုင်ရေးနှင့် နှစ်စဉ်ဆက်လက်ထုတ်ဝေ နိုင်ရေးအတွက် ငွေပဒေသာပင် မတည်လှူဒါန်းပေးကြသည့် မြို့မီးလင်းရေးဦးဆောင်ကော်မတီမှ တာဝန်ရှိသူများ၊ ရွှေတိဂုံစေတီဂေါကပအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မြင့်နှင့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ပြီး စုပေါင်းမှတ်တမ်း ဓာတ်ပုံရိုက်ကူးကြသည်။  

တာချီလိတ်မြို့နယ် စာပေနှင့်စာနယ်ဇင်းအဖွဲ့ကို ၁၉၉၉ ခုနှစ် မေလ ၁၇ ရက်တွင် စတင်ဖွဲ့စည်းကာ ၂၀၁၂ ခုနှစ်တွင် မြို့နယ်စာရေးဆရာအသင်းအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပြီး အသင်းအနေဖြင့် စာပေလောကဖွံ့ဖြိုးတိုးတက်ရေးနှင့် လူငယ်မျိုးဆက်များ စာပေအနုပညာအပေါ် စိတ်ဝင်စားလာစေရေးတို့ကို ရည်မှန်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျော်ဇေယျာလင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)