Pages

Pages

ညောင်လေးပင်မြို့၌ (၂၈)ကြိမ်မြောက်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲကျင်းပ


ညောင်လေးပင် ၊  မေ ၂၀

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၌ ခရိုင်ရဲတပ်ဖွဲ့နှင့် ခရိုင်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၂၈) ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲများ ဆောင်ရွက်ခြင်းတို့ကို ယနေ့နံနက် (၉) နာရီမှ နေ့လယ် (၁၂) နာရီအချိန်ထိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း လင်းရတနာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါပြိုင်ပွဲများကို ခရိုင်ရဲတပ်ဖွဲ့မှ ဒုတိယခရိုင်ရဲမှူး စိုးသန့်နှင့်ခရိုင်ပညာရေးမှူး ဒေါ်တင်တင်ဦးတို့ပူးပေါင်း၍ မူးယစ်ကင်းစင်တို့ ပြည်တစ်ခွင်သာယာလှပအနာဂတ်ဘဝ၊ လွယ်လွယ်နဲ့ ရသုံးစွဲကြမူးယစ်သားကောင်ဖြစ်နေရ၊ ဝိုင်းဝန်းကာကွယ်တားဆီးမှ၊ မူးယစ်ကင်းစင်တို့ ဝန်းကျင်ပျော်ရွှင်ချမ်းမြလုံခြုံလှ၊ နိုင်ငံ့အနာဂတ်လှပဖို့မူးယစ်ဆေးကို အမြစ်ဖြတ်စို့၊ ဗလငါးတန်ခိုင်မြဲဖို့မူးယစ်ဆေးကိုတိုက်ဖျက်စို့၊ အဆိုးကျော့စက်ဝန်းအဆုံး သတ်ဖို့ အုပ်စုဖွဲ့မှုခင်းတိုက်ဖျက်စို့စသည့် ခေါင်းစဉ်မျာဖြင့် (ထက်၊လယ်၊မူ)ဆင့် ပန်းချီပြိုင်ပွဲတွင် ၁၂၀ ဦး၊ (ထက်၊လယ်၊မူ)ဆင့် ကာတွန်းပြိုင်ပွဲတွင် ၇ဦးနှငျ့(ထက်၊လယ်၊မူ)ဆင့်ပိုစတာပြိုင်ပွဲတွင် ၉ ဦး စုစုပေါင်း ၁၃၆ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ထိုပြိုင်ပွဲများတွင် ခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်နေမှုအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်နှင့်ဦးမြင့်စိုး၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့်ခရိုင်ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီးကျော်သူဝင်း၊ ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရာဇာမြင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းအုပ်ဆရာမကြီးများနှင့် ဆရာ၊ ဆရာမများက လိုက်လံကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق