ဂျကာတာ၊ မေ ၂၁
အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးအောင်မျိုးမြင့်သည် အာဆီယံ အတွင်းရေးမှူးချုပ်ရုံး၌ ကျင်းပသည့် (၁၇)ကြိမ်မြောက် အာဆီယံ-အမေရိကန် ပူးတွဲပူးပေါင်း ဆောင်ရွက်ရေးကော်မတီအစည်းအဝေး၊ ၅/၂၀၂၆ အာဆီယံအမြဲတမ်းကိုယ်စားလှယ်များ ကော်မတီအစည်းအဝေးနှင့် (၁၇)ကြိမ်မြောက် အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်နှင့် အာဆီယံအမြဲတမ်းကိုယ်စားလှယ်များကော်မတီတို့အကြား မျက်နှာစုံညီ အစည်းအဝေးများသို့ ပါဝင်တက်ရောက်ခဲ့သည်။
၁၈-၅-၂၀၂၆ ရက်တွင် ကျင်းပသည့် (၁၇)ကြိမ်မြောက် အာဆီယံ-အမေရိကန် ပူးတွဲ ပူးပေါင်းဆောင်ရွက်မှုကော်မတီအစည်းအဝေးတွင် ဘက်စုံမဟာဗျူဟာမိတ်ဖက်ဆက်ဆံရေး (CSP)ကို ပိုမိုမြှင့်တင်ရန် ကတိကဝတ်ပြုကြောင်း ထပ်လောင်းအတည်ပြုခဲ့ကြပြီး နောင် အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာရှိသော ကဏ္ဍများနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ခဲ့ကြသည်။
၁၉-၅-၂၀၂၆ ရက်တွင် ကျင်းပသည့် ၅/၂၀၂၆ အာဆီယံအမြဲတမ်းကိုယ်စားလှယ်များ ကော်မတီအစည်းအဝေးတွင် အာဆီယံအသိုက်အဝန်း ထူထောင်ရေးဆိုင်ရာကိစ္စရပ်များ၊ အာဆီယံပြင်ပ မိတ်ဖက်ဆက်ဆံရေးကိစ္စရပ်များနှင့် ၂၀၂၆ ခုနှစ်အတွင်း ကျင်းပသွားမည့် အာဆီယံအစည်းအဝေးများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
အလားတူ ၂၁-၅-၂၀၂၆ ရက်တွင် ကျင်းပသည့် (၁၇)ကြိမ်မြောက် အာဆီယံ အစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်နှင့် အာဆီယံအမြဲတမ်းကိုယ်စားလှယ်များ ကော်မတီတို့အကြား မျက်နှာစုံညီအစည်းအဝေးတွင် အာဆီယံမဏ္ဍိုင်များအကြား လူ့အခွင့်အရေးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ခိုင်မာအားကောင်းစေရေးအပြင် အာဆီယံအသိုက်အဝန်းမျှော်မှန်းချက် ၂၀၄၅ ပြည့်မီစေရေး ကိစ္စရပ်များအပေါ် အလေးထား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
#MNP #News



ليست هناك تعليقات:
إرسال تعليق