ပွင့်ဖြူမြို့နယ်၌ တောင်သူများအား မျိုးစေ့ ၊ ဓာတ်မြေဩဇာနှင့် ပံ့ပိုးပစ္စည်းများ ပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပွင့်ဖြူမြို့နယ်၌ တောင်သူများအား မျိုးစေ့ ၊ ဓာတ်မြေဩဇာနှင့် ပံ့ပိုးပစ္စည်းများ ပေးအပ်




ပွင့်ဖြူ၊ မေ ၁၇

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်  ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ၂၀၂၆- ၂၀၂၇ ဘဏ္ဍာနှစ်တွင် ရက်(၁၀၀)အတွင်း မိုးရာသီစံပြကွက်၊ စမ်းသပ်ကွက်နှင့် မျိုးစေ့ထုတ်တောင်သူများအား မျိုးစေ့ ၊ ဓာတ်မြေဩဇာနှင့် ပံ့ပိုးပစ္စည်းများ ပေးအပ်ပွဲကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပသည်။

ဦးစွာ ပွင့်ဖြူမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလင်းလင်းအောင်က အမှာစကား ပြောကြားပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးရန်နိုင်စိုးက နိုင်ငံတော်အစိုးရသစ်လက်ထက် ရက်(၁၀၀)စီမံချက်ဖြင့်ဆောင်ရွက်မည့် စိုက်ပျိုးရေးကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာလုပ်ငန်းများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက သီးနှံမျိုးစေ့၊ ဓာတ်မြေဩဇာနှင့် ပံ့ပိုးပစ္စည်းများပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဒေါ်မိုးမိုးဝေနှင့် မြို့နယ်စိုက်ပျိုးစွမ်းအားမြှင့်တင် ရေးကြီးကြပ်မှုကော်မတီဝင်များက ကျေးရွာအုပ်စု (၁၅)အုပ်စုမှ စံပြကွက်၊ စမ်းသပ်ကွက်နှင့် မျိုးသန့်မျိုးစေ့ထုတ် စိုက်ပျိုးမည့် တောင်သူ ၁၁၉ ဦးတို့အား မျိုးစေ့၊ ဓာတ်မြေဩဇာနှင့် ပံ့ပိုးပစ္စည်းများကို ပေးအပ်ခဲ့ကြောင်း သိရသည်။


လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )

#MNP #News

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)