ခိုင်နှင်းဝေ ဘိုးဘွားများ ရိပ်သာ ကို (၆) လပိုင်းတွင် စ,တင် ဖွင့်လှစ်သွားဖြစ်ကြောင်း ခိုင်နှင်းဝေက အသိပေးထားသည်။
ခိုင်နှင်းဝေ က "ခိုင်နှင်းဝေ ဘိုးဘွားများ ရိပ်သာ ကို (၆) လပိုင်းတွင် စတင် ဖွင့်လှစ်သွားဖြစ်ပါမယ်ရှင်၊ ချစ်တဲ့ မန္တလေး ပရိသတ်ကြီးများကြောင့် ခရီးပန်း လို့ ပင်ပန်းတာတွေ လဲ ပျောက်သွားခဲ့ရပါတယ်၊ ခုနှစ်ရက် သားသမီးများ အားလုံး ရဲ့ စုပေါင်း ကုသိုလ် အစုစု တို့ကို သာဓု သာဓု သာဓု ခေါ်ဆိုနိုင်ကြပါစေ" ဟု အသိပေးထားသည်။
ခိုင်နှင်းဝေ သည် ကလေးငယ်များကို မွေးစား၍ ပြုစုစောင့်ရှောက် ပျိုးထောင်ပေးခြင်းကြောင့် ပရဟိတမိခင် အဖြစ် အသိအမှတ်ပြုကြသည်။ ယခုအခါ သက်ကြီးရွယ်အိုများကို စောင့်ရှောက်ရန် ဘိုးဘွားရိပ်သာ ထပ်မံဖွင့်လှစ်တော့မည်ဖြစ်သည်။
#MNP #News





ليست هناك تعليقات:
إرسال تعليق