ပုသိမ် ၊ မေ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့၊ ဧရာမင်းဈေးတွင် ယနေ့နံနက်ပိုင်း၌ ဈေးရောင်းဈေးဝယ်များ ပလပ်စတစ်အစားထိုး သတင်းစာစက္ကူများအသုံးပြုရေး ကွင်းဆင်းအသိပညာပေး ဆောင်ရွက်ခဲ့သည်။
ပုသိမ်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ပုသိမ်မြို့ ဧရာမင်းဈေးရှိ ဈေးရောင်း၊ ဈေးဝယ်များအနေဖြင့် အသားငါးများနှင့် ဟင်းသီးဟင်းရွက်များ၊ အသုံးဆောင်ပစ္စည်းများအား အရောင်း၊အဝယ်ပြုလုပ်ရာတွင် ပလတ်စတစ်အိတ်များသုံးစွဲမည့်အစား ကြာဖက်၊ အင်ဖက်၊ ငှက်ပျောရွက်၊ ဗာဒံရွက်၊ စက္ကူများ စသည့် ပစ္စည်းများဖြင့် အစားထိုး သုံးစွဲကြရန်နှင့် ပလပ်စတစ်အိတ်များကြောင့် ဖြစ်ပေါ်လာသော ဆိုးကျိုးများအား အသိပညာပေးပြောကြားခဲ့ပြီး ပလတ်စတစ် အစားထိုးအသုံးပြုနိုင်ရန်အတွက် သတင်းစာ စက္ကူအိတ် အကြီး (၈၀)လုံး၊ သတင်းစာ စက္ကူအိတ် အသေး (၁၀၀)လုံးနှင့် ပလတ်စတစ် လျှော့ချသုံးစွဲရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြသည်။
ပုသိမ်မြို့ရှိ ဈေးများအတွင်း ဈေးရောင်း၊ ဈေးဝယ်ပြည်သူများ ပလပ်စတစ်လျှော့ချသုံးစွဲနိုင်ရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်းကာ အပတ်စဉ်ကွင်းဆင်းအသိပညာပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျော်ဟိန်း
https://t.me/MyanmarNationalPost
ليست هناك تعليقات:
إرسال تعليق