မြန်မာအမြဲတမ်းကိုယ်စားလှယ် အာဆီယံ-ဗီယင်နာကော်မတီနှင့် အီးယူကိုယ်စားလှယ်အဖွဲ့ရုံး တို့အကြား အစည်းအဝေးသို့ တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာအမြဲတမ်းကိုယ်စားလှယ် အာဆီယံ-ဗီယင်နာကော်မတီနှင့် အီးယူကိုယ်စားလှယ်အဖွဲ့ရုံး တို့အကြား အစည်းအဝေးသို့ တက်ရောက်



ဗီယင်နာ၊ မေ ၂၁

ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂနှင့် အခြားနိုင်ငံတကာ အဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းသိမ်းသည် ၂၀-၅-၂၀၂၆ ရက်တွင် ဗီယင်နာမြို့၊ အီးယူအဖွဲ့ရုံး၌ ကျင်းပသည့် အာဆီယံ-ဗီယင်နာကော်မတီနှင့် ဥရောပသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့ရုံးတို့အကြား အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ 

 အဆိုပါအစည်းအဝေးသို့ ဗီယင်နာမြို့အခြေစိုက် အာဆီယံနိုင်ငံအဖွဲ့ရုံးများမှ အမြဲတမ်း ကိုယ်စားလှယ်များ၊ ယာယီတာဝန်ခံများနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး၊ အီးယူအမြဲတမ်း ကိုယ်စားလှယ်နှင့်အတူ လက်ရှိအီးယူဥက္ကဋ္ဌ တာဝန်ယူထားသော ဆိုက်ပရပ်စ်နိုင်ငံ၏ အဖွဲ့ရုံး ဒုတိယအကြီးအကဲနှင့် အီးယူအဖွဲ့ရုံးမှ တာဝန်ရှိသူများ တက်‌ရောက်ခဲ့သည်။ 

 ဆွေးနွေးပွဲတွင် နှစ်(၈၀)ပြည့် ကုလသမဂ္ဂပြုပြင်ပြောင်းလဲရေးအစီအစဉ် (UN80 initiative) အကောင်အထည်ဖေါ်ရာတွင် ဗီယင်နာအခြေစိုက် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများအပေါ် သက်ရောက်နိုင်မှုအလားအလာများ၊ အဆိုပါအဖွဲ့အစည်းများ၏ လုပ်ငန်း တာဝန်များအရေးပါမှု၊ လက်ရှိဘဏ္ဍာရေးအကျပ်အတည်း‌များကြားမှ ၎င်းတို့၏လုပ်ငန်းများအား ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးတို့အပေါ် အမြင်ချင်းဖလှယ်ခဲ့ကြသည်။ ထို့ပြင် အာဆီယံ-ဗီယင်နာကော်မတီအနေဖြင့် အာဆီယံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများသို့ ပေးအပ် နေသည့် နည်းပညာနှင့် ဖွံ့ဖြိုးတိုးတက်ရေးအကူအညီပေးအပ်မှု အစီအစဉ်များအပေါ်  သက်ရောက်မှုရှိမည်ကိုလည်း စိုးရိမ်ပူပန်ကြောင်း ဖော်ပြခဲ့ကြသည်။

မြန်မာအမြဲတမ်းကိုယ်စားလှယ်က UN80 initiative အောက်ရှိ ပြုပြင်ပြောင်းလဲမှု အစီအစဉ်များကို သတိထားစောင့်ကြည့်လျက်ရှိကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် နည်းပညာ ပံ့ပိုးမှုနှင့် စွမ်းဆောင်ရည်မြှင့်တင်မှု အစီအစဉ်များအပေါ် ထိခိုက်လာမည်ကို စိုးရိမ်ပူပန်ကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး၊ မြန်မာနိုင်ငံ၏ အပြုသဘောဖြစ်ပေါ်တိုးတက်နေမှုများကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။ 


#MNP #News

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)