ဇွန်လအတွင်း အမိမြေမှာ ကျင်းပမယ့် AYA Bank Tri-Nations Cup (Women’s Friendly) ပြိုင်ပွဲကြီးအတွက် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းဟာ ဂျပန်လူမျိုး နည်းပြချုပ်သစ် မစ်ဆူအို ကာတို ရဲ့ အနီးကပ်ကြီးကြပ်မှုအောက်မှာ လေ့ကျင့်ပြင်ဆင်မှုတွေ စတင်နေပြီ ဖြစ်ပါတယ်။
လက်ရှိ လေ့ကျင့်ရေးမြင်ကွင်းတွေမှာတော့ ကစားသမားတွေရဲ့ ကြံ့ခိုင်မှု၊ အမြန်နှုန်းနဲ့ နည်းစနစ်ပိုင်းဆိုင်ရာ အချိတ်အဆက်တွေကို အသေးစိတ် ပြုပြင်ပေးနေတဲ့ နည်းပြသစ်ရဲ့ စနစ်တကျ လေ့ကျင့်ပုံတွေကို မြင်တွေ့ရပြီး အသင်းတစ်သင်းလုံးရဲ့ စိတ်ဓာတ်ကလည်း အတော်လေး တက်ကြွနေပါတယ်။
၃ နိုင်ငံဖိတ်ခေါ်ပြိုင်ပွဲမှာ မြန်မာအသင်းဟာ FIFA Ranking ပိုင်းမှာ အနည်းငယ် မြင့်မားနေတဲ့ ထိုင်း (၅၀) နဲ့ ဥဇဘတ်ကစ္စတန် (၅၃) တို့ကို အိမ်ကွင်းမှာ ရင်ဆိုင်ရမှာဖြစ်ပြီး မြန်မာအသင်း ကတော့ Ranking ၅၅ နေရာမှာ ရပ်တည်နေပါတယ်။
🏆 AYA Bank Tri-Nations Cup 2026 ပွဲစဉ်များ
📅 ဇွန်လ ၃ ရက် | 🕓 ညနေ ၄:၀၀
မြန်မာ 🆚 ဥဇဘတ်ကစ္စတန်
📅 ဇွန်လ ၆ ရက် | 🕓 ညနေ ၄:၀၀
ထိုင်း 🆚 ဥဇဘတ်ကစ္စတန်
📅 ဇွန်လ ၉ ရက် | 🕓 ညနေ ၄:၀၀
မြန်မာ 🆚 ထိုင်း
#MNP #News




ليست هناك تعليقات:
إرسال تعليق