Pages

Pages

ကျူးဘားကို မက္ကဆီကို နဲ့ ဥရုဂွေး က အကူအညီသင်္ဘော ဆိုက်ရောက်




မေ - ၂၀

အမေရိကန်ရဲ့ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့အရေးယူမှုများကြောင့် ကျူးဘားကျွန်း သည် စွမ်းအင်နှင့် စီးပွားရေး အကျပ်အတည်းနှင့် ရင်ဆိုင်နေရချိန်တွင်  မက္ကဆီကိုနှင့် ဥရုဂွေးတို့က လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးပို့တဲ့ သင်္ဘောသည် တနင်္လာနေ့တွင် ကျူးဘားသို့ ရောက်ရှိလာခဲ့တယ်လို့ သိရပါတယ်။  

အေရှန်ကာထရာ သင်္ဘောက  နို့မှုန့်၊ ဆန်၊ ပဲများနှင့် အခြားအခြေခံလိုအပ်ချက်များ တင်ဆောင်လာပြီး ဟာဗားနားဆိပ်ကမ်းတွင် ဆိုက်ကပ်ခဲ့ပါတယ်။  ပနားမားအလံတင်သင်္ဘောက လူသားချင်းစာနာထောက်ထားမှု အကူအညီတန်ချိန် ၁၆၀၀ ကျော်ကို ပေးပို့ခဲ့ပါတယ်။ မက္ကဆီကိုက အစားအသောက်နှင့် တစ်ကိုယ်ရေသန့်ရှင်းမှုဆိုင်ရာ ထုတ်ကုန်များ ပံ့ပိုးပေးပြီး  ဥရုဂွေးက အဓိကစားနပ်ရိက္ခာများကိုပဲ တင်ပို့ပေးခဲ့တာပါ။ 

ကျူးဘားလက်ထောက်ဝန်ကြီးချုပ်နှင့် နိုင်ငံခြားကုန်သွယ်ရေးဝန်ကြီး က အဆိုပါအကူအညီကို အလိုအပ်ဆုံးသူများ အထူးသဖြင့် ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့် ထိခိုက်လွယ်သူများထံ တိုက်ရိုက်ဖြန့်ဝေမည်ဖြစ်ကြောင်း ကျူးဘားနိုင်ငံပိုင်သတင်းစာ ဖော်ပြချက်အရ သိရပါတယ်။ 

ကျူးဘားနိုင်ငံဆိုင်ရာ မက္ကဆီကိုသံအမတ်ကြီး ကတော့ အဆိုပါ သင်္ဘောသည် ကျူးဘားပြည်သူများကို ထောက်ပံ့ရန်အတွက် မက္ကဆီကိုအစိုးရမှ စေလွှတ်တဲ့ ရှစ်စီးမြောက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရေယာဉ်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး မက္ကဆီကို ရဲ့ လှူဒါန်းမှုက ယခုအခါ တန်ချိန် ၆၀၀၀ ကျော်သွားပြီလို့ ဆိုပါတယ်။ 


REF: UPI

#MNP #News

ليست هناك تعليقات:

إرسال تعليق