အိန္ဒိယနိုင်ငံမှ အင်္ဂလိပ်ဘာသာသင်တန်း ဆရာများကို မြန်မာနိုင်ငံ၏ သတ်မှတ်တက္ကသိုလ်များတွင် ရေရှည်ခန့်ထား တာဝန်ပေးအပ်ရေး ဆွေးနွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

အိန္ဒိယနိုင်ငံမှ အင်္ဂလိပ်ဘာသာသင်တန်း ဆရာများကို မြန်မာနိုင်ငံ၏ သတ်မှတ်တက္ကသိုလ်များတွင် ရေရှည်ခန့်ထား တာဝန်ပေးအပ်ရေး ဆွေးနွေး


နေပြည်တော်၊ မေ ၂၀

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur အား ယမန်နေ့က နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် အိန္ဒိယသမ္မတနိုင်ငံမှ အင်္ဂလိပ်ဘာသာသင်တန်း ဆရာများကို မြန်မာနိုင်ငံ၏ သတ်မှတ်တက္ကသိုလ်များတွင် ရေရှည်ခန့်ထား တာဝန်ပေးအပ်ရေး၊ ဆရာ ဆရာမ ၃၀ ကို အင်္ဂလိပ် စာကျွမ်းကျင်မှုကာလတိုသင်တန်းများ အိန္ဒိယတက္ကသိုလ်များ၌ တက်ရောက်နိုင်ရေးနှင့် ပညာရေးဒီဂရီကောလိပ်များမှ ဆရာ ဆရာမများအတွက် ပညာတော်သင်ဆုများ ချီးမြှင့်ပေးအပ်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


#MNP #News

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)