(၃၂) ကြိမ်မြောက် အာဆီယံ-တရုတ် အဆင့်မြင့်အရာရှိကြီးများဆွေးနွေးပွဲနှင့် တောင်တရုတ်ပင်လယ်တွင် နိုင်ငံများလိုက်နာရမည့် လုပ်ထုံးလုပ်နည်းဆိုင်ရာကြေညာချက် အကောင်အထည်ဖော်ရေးနှင့်စပ်လျဉ်းသည့် (၂၆) ကြိမ်မြောက် အာဆီယံ-တရုတ် အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးတို့သို့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

(၃၂) ကြိမ်မြောက် အာဆီယံ-တရုတ် အဆင့်မြင့်အရာရှိကြီးများဆွေးနွေးပွဲနှင့် တောင်တရုတ်ပင်လယ်တွင် နိုင်ငံများလိုက်နာရမည့် လုပ်ထုံးလုပ်နည်းဆိုင်ရာကြေညာချက် အကောင်အထည်ဖော်ရေးနှင့်စပ်လျဉ်းသည့် (၂၆) ကြိမ်မြောက် အာဆီယံ-တရုတ် အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးတို့သို့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် တက်ရောက်




ကွာလာလမ်ပူ၊ မေ ၂၁

(၃၂) ကြိမ်မြောက် အာဆီယံ-တရုတ်အဆင့်မြင့်အရာရှိကြီးများဆွေးနွေးပွဲနှင့် တောင်တရုတ်ပင်လယ်တွင် နိုင်ငံများလိုက်နာရမည့် လုပ်ထုံးလုပ်နည်းဆိုင်ရာကြေညာချက် အကောင်အထည်ဖော်ရေးနှင့်စပ်လျဉ်းသည့် (၂၆) ကြိမ်မြောက် အာဆီယံ-တရုတ်အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးတို့ကို ၂၀၂၆ ခုနှစ်၊ မေလ ၂၁ တွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ ကျင်းပ ပြုလုပ်ခဲ့ရာ အဆိုပါအစည်းအဝေးများသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါသည်။

(၃၂) ကြိမ်မြောက် အာဆီယံ-တရုတ်အဆင့်မြင့်အရာရှိကြီးများဆွေးနွေးပွဲတွင် အာဆီယံ- တရုတ်ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး၏ ပူးပေါင်းဆောင်ရွက်မှုအခြေအနေများ နှင့် အနာဂတ်အလားအလာများ၊ ၂၀၂၆ ခုနှစ်၊ ဇွန်လတွင် ကျင်းပမည့် အာဆီယံ-တရုတ် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနှင့် နိုဝင်ဘာလတွင် ကျင်းပမည့် (၂၉) ကြိမ်မြောက် အာဆီယံ-တရုတ်ထိပ်သီးအစည်းအဝေးတို့အတွက် ကြိုတင်ပြင်ဆင်မှုများအပြင် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာကိစ္စရပ်များအပေါ် ဆွေးနွေးအမြင်ချင်းဖလှယ်ခဲ့ကြသည်။ 

အလားတူ တောင်တရုတ်ပင်လယ်တွင် နိုင်ငံများလိုက်နာရမည့် လုပ်ထုံးလုပ်နည်းဆိုင်ရာကြေညာချက် အကောင်အထည်ဖော်ရေးနှင့် စပ်လျဉ်းသည့် (၂၆) ကြိမ်မြောက် အာဆီယံ-တရုတ်အဆင့်မြင့် အရာရှိကြီးများအစည်းအဝေးတွင် တောင်တရုတ်ပင်လယ်တွင် နိုင်ငံများလိုက်နာရမည့် လုပ်ထုံး လုပ်နည်းဆိုင်ရာကြေညာချက် (DOC) အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများ နှင့် လက်ရှိညှိနှိုင်းဆောင်ရွက်နေသည့် တောင်တရုတ်ပင်လယ်ဆိုင်ရာကျင့်ထုံး (COC) ၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများအပေါ် ဆွေးနွေး အမြင်ချင်းဖလှယ်ခဲ့ကြသည်။


#MNP #News

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)