ငွေဆောင်မြို့ကျက်သရေဆောင် မြို့ဦးစေတီတော်မြတ်ကြီးအား ပြုပြင်မွမ်းမံရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်နိုင်စေရေးအတွက်(ဒုတိယ)အကြိမ် အလှူငွေပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ငွေဆောင်မြို့ကျက်သရေဆောင် မြို့ဦးစေတီတော်မြတ်ကြီးအား ပြုပြင်မွမ်းမံရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်နိုင်စေရေးအတွက်(ဒုတိယ)အကြိမ် အလှူငွေပေးအပ်








ငွေဆောင်၊ မေ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၏ ကျက်သရေဆောင်ဖြစ်သော မြို့ဦးစေတီတော်မြတ်ကြီးအား  အုတ်တံတိုင်းကာရံခြင်း၊ ရင်ပြင်တော်မြှင့်ခြင်းနှင့် ကြွေပြားအပြည့်ခင်းခြင်း၊ အခြားလိုအပ်သည့် ပြုပြင်မွမ်းမံမှုများ ဆောင်ရွက်နိုင်ရန်အတွက် သြဝါဒါစရိယ ဆရာတော်ကြီးများအား ပင့်ဖိတ်၍ အုတ်တံတိုင်းအလှူရှင်များ၊ ရင်ပြင်တော်နှင့် ဘက်စုံအလှူရှင်များ၏  အလှူငွေပေးအပ်ပွဲနှင့်  ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းအခမ်းအနားကို ယမန်ေန့ညနေပိုင်းက မြို့ဦးစေတီတော်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့ဦးစေတီတော်၏ သြဝါဒါစရိယ ဆရာတော်ကြီးများ၊ စေတီတော်ဂေါပကအဖွဲ့ဝင်များ၊ မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် အလှူရှင်များ တက်ရောက်ခဲ့ကြသည်။​

ရှေးဦးစွာ  “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍  အခမ်းအနားအား ဖွင့်လှစ်ကြပြီး ငွေဆောင်မြို့၊ သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။ ယင်းနောက် သံဃာတော်အရှင်သူမြတ်များအား ငွေဆောင်နယ်မြေရဲစခန်း၊ စခန်းမှူးမျိုးဇေမြင့်နှင့် ဌာနဆိုင်ရာအကြီးအကဲများက နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ဆက်လက်၍ အလှူရှင်များက  အလှူငွေများကို ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူပြီး အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။ ထို့နောက်မြို့အုပ်ချုပ်ရေးမှူးမှ မြို့ဦးစေတီတော်မြတ်ကြီးအား ဘက်စုံပြုပြင်မွမ်းမံရန်အတွက် အလှူရှင်များမှ လှူဒါန်းထားသည့် အလှူငွေစာရင်း၊ အလှူငွေကောက်ခံရရှိမှုစာရင်းတို့အား ရှင်းလင်းတင်ပြပြီး ငွေဆောင်မြို့စည်ပင်သာယာရေးအဖွဲ့မှ အင်ဂျင်နီယာမှူး ဦးမင်းကျော်ခိုင်မှ မြို့ဦးစေတီတော်မြတ်ကြီး ပြုပြင်မွမ်းမံရေးဆိုင်ရာများ ဆောင်ရွက်ရန် စီမံထားရှိမှုအခြေအနေများအား တင်ပြခဲ့သည်။

ယင်းနောက် လှူဒါန်းမှုအစုစုတို့အတွက် ဆရာတော်သံဃာတော်များထံမှ အနုမောဒနာတ ရားနာယူကာ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုကာ အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။


ကျော်လင်းဦး

#MNP #News

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)