ဆီးရီးယား ဒုက္ခသည်တွေကို တစ်ယောက် ဒေါ်လာ ၁သောင်းလောက်ပေးပြီး အိမ်ပြန်ခိုင်းဖို့ ဂျာမနီ စဉ်းစားနေ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဆီးရီးယား ဒုက္ခသည်တွေကို တစ်ယောက် ဒေါ်လာ ၁သောင်းလောက်ပေးပြီး အိမ်ပြန်ခိုင်းဖို့ ဂျာမနီ စဉ်းစားနေ


မေ - ၂၁ ( ကြာသပတေးနေ့ ) 

ဂျာမနီပြည်ထဲရေး ဝန်ကြီးဌာနသည် ဆီးရီးယားဒုက္ခသည်များအား မိမိဆန္ဒအလျောက် နေရပ်ပြန်နိုင်ရန် ယူရို ၈,၀၀၀ (ဒေါ်လာ ၉,၃၀၀) အထိ ပေးအပ်ရန် စဉ်းစားနေကြောင်း Focus မဂ္ဂဇင်းက ဖော်ပြထားပါတယ်။  ရွှေ့ပြောင်းအခြေချမှုဆိုင်ရာ စိုးရိမ်မှုများအပေါ်အခြေပြုပြီး အကြီးအကျယ် မဲဆွယ်စည်းရုံးနေတဲ့ Alternative for Germany (AfD) ပါတီကို ထောက်ခံမှု စံချိန်တင် မြင့်မားလာချိန်တွင် အဆိုပြုချက် ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ 

ဆီးရီးယားပြည်တွင်းစစ်အတွင်းမှ ထွက်ပြေးလာသူများရဲ့ အဓိကနေရာများထဲမှ တစ်ခုဖြစ်တဲ့ ဂျာမနီသည် ၂၀၂၄/၂၅  ရွှေ့ပြောင်းအခြေချ အကျပ်အတည်းကို ရင်ဆိုင်နေရပါတယ်။ ဆီးရီးယားပြည်တွင်းစစ်ကာလတုန်းက ဂျာမနီအဓိပတိ အန်ဂျလာမာကယ်က တံခါးဖွင့် ရွှေ့ပြောင်းနေထိုင်မှုမူဝါဒကို ချမှတ်ခဲ့ပြီးနောက် အခုလိုမျိုး အကျပ်အတည်းကို ရင်ဆိုင်ခဲ့ရတာပဲ ဖြစ်ပါတယ်။ 

၂၀၂၅ ခုနှစ် သြဂုတ်လအထိ ဂျာမနီနိုင်ငံတွင် ဆီးရီးယားနိုင်ငံသား ၉၅၁,၀၀၀ ကျော် နေထိုင်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရပါတယ်။ အဲ့ဒိထဲမှာ ဒုက္ခသည် သို့မဟုတ် လက်အောက်ခံ အကာအကွယ်ပေးရေး အခြေအနေနှင့် ဆက်စပ်နေတဲ့ ယာယီနေထိုင်ခွင့် ၅၀၀,၀၀၀ ကျော်ရှိပါတယ်။  ဆီးရီးယားသို့ ဆန္ဒအလျောက် ပြန်မဲ့သူ အရေအတွက်မှာ အတော်လေး နည်းနေသေးတယ်လို့  Focus က ဗုဒ္ဓဟူးနေ့တွင် ဖော်ပြခဲ့ပါတယ်။ 

ဂျာမနီအလယ်ပိုင်း ဟဲဆီ ပြည်နယရဲ့ ပြည်ထဲရေးဝန်ကြီး  က ဒုက္ခသည်တစ်ဦးစီအား နေရပ်ပြန်ရန် ယူရိုသောင်းနှင့်ချီပြီး ပေးလိုက်တာက တိုင်းပြည်ထဲမှာ သူတို့ကိုဆက်ထားလို့ ကုန်မဲ့ကုန်ကျစရိတ်ထက် အများကြီး သက်သာမယ်လို့ ပြောပါတယ်။ လက်ရှိစနစ်အောက်တွင် ဆန္ဒအလျောက်ပြန်မယ့်သူတွေကို ပေးချေမှုများက ပျမ်းမျှ ယူရို ၁၀၀၀ (ဒေါ်လာ ၁,၁၆၃) ဝန်းကျင်ဖြစ်ပါတယ်။ "အိမ်ပြန်စရိတ်ကို တိုးပေးလိုက်တာက ရေရှည်ကုန်ကျစရိတ်များနှင့် တိုင်းတာသည့်အခါ နိုင်ငံတော်အတွက် အမြတ်အစွန်းထွက်လာမှာပါ” လို့လည်း ဆိုပါတယ်။ 

ဘာလင်သည် ယခုအခါ ဆီးရီးယားနိုင်ငံသားများ၏ ခိုလှုံခွင့်လျှောက်ထားမှုအသစ်အားလုံးရဲ့ ၉၅ ရာခိုင်နှုန်းကို ငြင်းပယ်လိုက်ကြောင်း ဂျာမန်မီဒီယာများက ပြီးခဲ့သည့်လက ဖော်ပြခဲ့ပါတယ်။ ဂျာမနီတွင် နေထိုင်သော ဆီးရီးယားနိုင်ငံသား ၈၀ % သည် လာမည့်သုံးနှစ်အတွင်း အိမ်ပြန်ရနိုင်တယ်လို့  အဓိပတိ မားဇ် က မတ်လတွင် ပြောကြားထားတာ ရှိပါတယ်။ 


REF: RT

#MNP #News

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)