ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂၅)ရပ်ကွက်အတွင်း သွေးလွန်တုတ်ကွေးရောဂါကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခက်ခြင်းနှင့် ခြင်ဆေးမှုတ်ခြင်းတို့အား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေး လိုက်လံကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂၅)ရပ်ကွက်အတွင်း သွေးလွန်တုတ်ကွေးရောဂါကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခက်ခြင်းနှင့် ခြင်ဆေးမှုတ်ခြင်းတို့အား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေး လိုက်လံကြည့်ရှုစစ်ဆေး






ရန်ကုန်၊ မေ ၁၉

ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂၅)ရပ်ကွက်ရှိ ရွှေနှင်းဆီ(၁,၂,၃,၄,၅,၆)လမ်းများနှင့် လောင်းလုံလမ်းတို့အား သွေးလွန်တုတ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးခက်ခြင်းနှင့် ခြင်ဆေးမှုတ်ခြင်းတို့အား ဆောင်ရွက်ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးယု တို့မှ လာရောက်ခဲ့ပြီး ရပ်ကွက်နေပြည်သူများအား ကျန်းမာရေးအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေးနှင့်အဖွဲ့အား မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးစန်းလွင်၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ Drသန်းနိုင်လင်း၊ Drစိုးလင်းထူး နှင့်အဖွဲ့၊ YCDCမှ ဒေါ်ယာဉ်မင်းသန့် (ကျန်းမာရေးမှူး)နှင့်အဖွဲ့၊ မြို့နယ်စည်ပင်မှ ဦးကျော်ဇင်ထွန်းနှင့် အဖွဲ့၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမှတ်(၂၅)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစည်သူမြင့်နှင့်ရုံးအဖွဲ့၊ (၂၅)ရပ်ကွက်လူမှုကူညီရေးအသင်း၊ ရပ်ကွက်အမျိုးသမီးရေးရာအဖွဲ့ တို့မှ ကြိုဆိုခဲ့ကြပြီး ရပ်ကွက်အတွင်း လှည့်လည်စစ်ဆေးခဲ့ကြသည်။


#MNP #News

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)