နေပြည်တော်၊ မေ ၂၁
တတိယအကြိမ် ပြည်ထောင်စုအဆင့် လွှတ်တော်များ၏ ဒုတိယပုံမှန်အစည်း အဝေးများ အောင်မြင်စွာ ကျင်းပနိုင်ရေး လွှတ်တော်အစည်းအဝေးများ ကျင်းပရေး ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၆)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိဆောင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ လွှတ်တော်အစည်းအဝေးများကျင်းပရေး ဗဟိုကော်မတီ နာယက၊ ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေး၊ ဗဟိုကော်မတီ ဥက္ကဋ္ဌ Jeng Phang နော်တောင်၊ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း၊ ပြည်ထောင်စုဝန်ကြီး များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများမှ အဖွဲ့ဝင်များ၊ လွှတ်တော်အသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ လွှတ်တော်အစည်းအဝေးများ ကျင်းပရေးဗဟိုကော်မတီ နာယက က အဖွင့်အမှာစကား ပြောကြားရာတွင် လာမည့် ဇွန် ၂ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အတွင်း ဒုတိယပုံမှန်အစည်းအဝေး၊ တတိယပုံမှန်အစည်းအဝေးကို ကျင်းပပြုလုပ်ရန် ပြည်ထောင်စုလွှတ်တော်ရုံးက လွှတ်တော်ပြက္ခဒိန် လျာထားထုတ်ပြန်ထားပြီး သက်ဆိုင်ရာအဖွဲ့အစည်းများကို ကြိုတင်သိရှိနိုင်အောင် ပေးပို့ထားရှိပြီး ဖြစ်ပါ ကြောင်း၊ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် များ၏ ဒုတိယပုံမှန်အစည်းအဝေး ကျင်းပနိုင်ရန် လွှတ်တော်ကိုယ်စားလှယ်များထံ အစည်းအဝေးဖိတ်စာများ ပေးပို့ထားရှိပြီးဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ် များအနေဖြင့် မေ ၃၀ ရက်ထက်မစော၊ ၃၁ ရက်နေ့ထက် နောက်မကျစေဘဲ နေပြည်တော်သို့ လာရောက်ရန် ခေါ်ယူထားပြီး ဖြစ်ပါကြောင်း။
တည်းခိုရေးနှင့် နေရာချထားရေးကော်မတီအနေဖြင့် လွှတ်တော်ကိုယ်စားလှယ် များ နေပြည်တော်သို့ရောက်ရှိချိန်တွင် လုံခြုံစိတ်ချစွာ တည်းခိုနေထိုင်နိုင်ရန် အဆောက်အအုံများ ကောင်းမွန်ရေး၊ သောက်သုံးရေနှင့် အသုံးအဆောင်ပစ္စည်းများ အဆင်ပြေစွာ အသုံးပြုနိုင်ရေးကို သက်ဆိုင်ရာ ရုံး၊ ဌာန၊ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ပြီး ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရှိရမည်ပါကြောင်း၊ လုံခြုံရေးကော်မတီ အနေဖြင့် လွှတ်တော်အစည်းအဝေးများကျင်းပစဉ်နှင့် ရပ်နားစဉ်ကာလများတွင် လွှတ်တော်ဝင်း အတွင်းအပြင်နှင့် လွှတ်တော်ကိုယ်စားလှယ်များ တည်းခိုနေထိုင် သည့်နေရာများ၊ ယာဉ်တန်းအပါအဝင် သတ်မှတ်နေရာအလိုက် လုံခြုံရေးစနစ်တကျ ဆောင်ရွက်ရမည်ဖြစ် ပါကြောင်း။
ဆက်သွယ်ရေး၊ အသံထိန်းစနစ်နှင့် ဆန္ဒမဲပေးစက်ခလုတ်ဆိုင်ရာလုပ်ငန်း ကော်မတီအနေဖြင့် လွှတ်တော်အသီးသီးရှိ Audio၊ ဗီဒီယို ဆက်သွယ်မှုစနစ်များ အပါအဝင် ဆက်သွယ်ရေးလိုင်းများ ကောင်းမွန်အောင် ဆောင်ရွက်ကြရမည်ဖြစ်ပါ ကြောင်း၊ ကျန်းမာရေးနှင့် အစားအသောက်စစ်ဆေးရေးကော်မတီအနေဖြင့် လွှတ်တော် ကိုယ်စားလှယ်များ စုပေါင်းတည်းခိုနေထိုင်သည့် နေရာများတွင် ကျန်းမာ ရေး စောင့်ရှောက်မှုပေးနိုင်ရန်၊ သောက်သုံးရေ၊ စားသောက်မှုများကို ကျန်းမာရေးနှင့် ညီညွတ် မှုရှိစေရန် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။
အလားတူ သယ်ယူပို့ဆောင်ရေးကော်မတီအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်အစည်းအဝေး တက်ရောက်ရန် သက်ဆိုင်ရာ မဲဆန္ဒနယ်မြေမှ နေပြည်တော်သို့ အသွားအပြန်ခရီးစဉ်များနှင့် နေပြည်တော်၌ စုပေါင်းတည်းခို နေထိုင်သည့် နေရာများမှ လွှတ်တော်များသို့ သွားလာရေးကိစ္စများ အဆင်ပြေစေရန် တာဝန်ယူ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။
အခမ်းအနားပြင်ဆင်ရေးကော်မတီအနေဖြင့် လွှတ်တော်ဝင်းအတွင်းရှိ မြို့ပြ၊ ရေ၊ သန့်၊ လျှပ်စစ်နှင့် ဆက်သွယ်ရေးလိုင်းများ၊ ရုပ်သံ၊ ရေဒီယို၊ တီဗီဆိုင်ရာ လုပ်ငန်း များ ကောင်းမွန်စေရေး၊ လွှတ်တော်အဆောက်အဦများ ပြုပြင်ထိန်းသိမ်း ရေး လုပ်ငန်းများ အပါအဝင် လွှတ်တော်ပရိဝုဏ်အတွင်း သန့်ရှင်း သာယာလှပရေးနှင့် လွှတ်တော် အဆောက်အဦများ သန့်ရှင်းသပ်ရပ်မှု ရှိစေရေးတို့ကို ဆောင်ရွက် သွားကြ ရမည် ဖြစ်ပါကြောင်း။
ပြန်ကြားရေးကော်မတီအနေဖြင့် လွှတ်တော်အစည်းအဝေး ကျင်းပမှု ရုပ်သံ၊ သတင်းမှတ်တမ်းများ ရိုက်ကူးထုတ်လွှင့်မှုနှင့် ရုပ်သံစက်ပစ္စည်းများ ကောင်းမွန်ရန်၊ ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများ သတင်းရယူရေးကိစ္စများကို စနစ်တကျနှင့် အဆင်ပြေစေရန် မီဒီယာကတ်ထုတ်ပေးခြင်းနှင့် ရုပ်သံဆိုင်ရာ စက်ကိရိယာ ပစ္စည်းများ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားကြ ရမည်ဖြစ်ပါကြောင်း၊ ထို့ပြင် လွှတ်တော်အတွင်း သတင်းရယူရာတွင် သတ်မှတ် စည်းကမ်းချက်များနှင့် စနစ်တကျ လိုက်နာဆောင်ရွက်နိုင်ရေး ပြန်ကြားရေးဝန်ကြီးဌာနက ဦးစီး တာဝန်ယူပြီး မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၊ ပြည်တွင်းအခြေစိုက် နိုင်ငံခြား သတင်းထောက်များ အသင်းတို့နှင့် ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း။
ထို့အတူ လွှတ်တော်အစည်းအဝေးများ ကျင်းပစဉ် လွှတ်တော်ပရိဝုဏ်အတွင်း၊ လွှတ်တော်အစည်းအဝေးခန်းမကြီးများတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု မရှိစေ ရန်၊ ဆက်သွယ်ရေးနှင့် ဆန္ဒမဲပေးစက်လုပ်ငန်းဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရာတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု မရှိစေရန် လျှပ်စစ်ကဏ္ဍနှင့် ပတ်သက်ပြီး စနစ် တကျ ဆောင်ရွက်သွားကြစေလိုကြောင်း၊ လွှတ်တော် ဒုတိယပုံမှန်အစည်း အဝေးကို အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် တက်ရောက်လာကြသည့် ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ဗဟိုကော်မတီဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ တို့က တတိယ အကြိမ် ပထမပုံမှန် အစည်းအဝေးကို အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့ခြင်းသည် ကော်မတီဝင်များ အားလုံး၏ စုပေါင်းညီညွတ်မှု မိသားစု စိတ်ဓာတ်ဖြင့် ဆောင်ရွက်မှုများကြောင့် ဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ ကျန်းမာရေးနှင့် ပတ်သက်၍လည်း စောင့်ရှောက်မှုများ အချိန်မီ ဂရုတစိုက် ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ယခုကျင်းပမည့် ဒုတိယအကြိမ် ပုံမှန်အစည်းအဝေးများတွင် ဥပဒေကြမ်းများ၊ ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းဆွေးနွေးခြင်းဖြင့် လွှတ်တော်ကဏ္ဍကို အစစ်အမှန် စတင်အသက်သွင်းမည် ဖြစ်သည့်အတွက် အသံစနစ်များ ပိုမိုကောင်းမွန်စေရန် လိုအပ်ပါကြောင်း၊ အစိုးရသစ် ရက် (၁၀၀) စီမံကိန်းကာလနှင့် တိုက်ဆိုင်နေသည့် အတွက် အစိုးရနှင့် လွှတ်တော် ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ ရောက်ရှိချိန်တွင် တည်းခိုနေထိုင်နိုင်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ အဆင်သင့်ပြင်ဆင် ဆောင်ရွက် ထားရှိရန် လိုအပ်ပါကြောင်း၊ ယခင်ကျင်းပခဲ့သည့် အစည်းအဝေးများ၏အားသာချက်များကို ထိန်းသိမ်းပြီး ကော်မတီဝင်များအနေဖြင့် စနစ်တကျ ပူးပေါင်းဆောင်ရွက်သွားကြရ မည်ဖြစ်ပါ ကြောင်း ပြောကြားသည်။
ယင်းနောက် ဗဟိုကော်မတီအတွင်းရေးမှူးက ပထမပုံမှန် အစည်းအဝေးတွင် လုပ်ငန်းကော်မတီများ၏ ပေါင်းစပ်ဆောင်ရွက်ခဲ့မှု အခြေအနေနှင့် ဒုတိယပုံမှန် အစည်းအဝေးများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသည့် လုပ်ငန်းကော်မတီများမှ တာဝန်ရှိသူများက ဒုတိယပုံမှန်အစည်းအဝေးများ အောင်မြင်စွာကျင်းပ နိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် စီမံဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြချက်များအပေါ် ဗဟိုကော်မတီနာယက က ဖြည့်စွက် ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။
ထို့နောက် ဗဟိုကော်မတီနာယကနှင့်အဖွဲ့သည် နေပြည်တော်စည်ပင် ဧည့်ရိပ်သာ(၂)သို့ သွားရောက်ပြီး လွှတ်တော်ကိုယ်စားလှယ်များ စိတ်အေးချမ်းသာစွာ နေထိုင်နိုင်ရန် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးလျှင် အခန်းတစ်ခန်း စီစဉ်ဆောင် ရွက်ထားရှိမှု၊ အစားအသောက်များ ချက်ပြုတ်စားသောက်နိုင်ရေးနှင့် မီးဘေး အန္တရာယ် ကင်းရှင်းရေး ဆောင်ရွက်ထားရှိမှု၊ နေ့စဉ်သတင်းများနှင့် ဗဟုသုတများ သိရှိနိုင်ရန်အတွက် ရုပ်မြင်သံကြားနှင့် စာဖတ်ခန်းများ ပြင်ဆင်ထားရှိမှု၊ ပြင်ဆင်ထားရှိမှု၊ ကျန်းမာရေး တစ်စုံတစ်ရာဖြစ်ပေါ်က ကျန်းမာရေးစောင့်ရှောက်မှုဆေးခန်း ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
#MNP #News


ليست هناك تعليقات:
إرسال تعليق