Pages

Pages

သင်္ဃန်းကျွန်းခရိုင် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့၏ ငြိမ်းချမ်းရေးဆုတောင်းပွဲနှင့်သြဝါဒခံယူပွဲ အခမ်းအနားကျင်းပ

 


တာမွေ     ၊  မေ   ၁၇

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (သင်္ဃန်းကျွန်းခရိုင်)မှ ကြီးမှူးကျင်းပသော ငြိမ်းချမ်းရေးဆုတောင်းပွဲနှင့် သြဝါဒခံယူပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့တာမွေမြို့နယ်ရှိ ဆုထူးပန်ပရိယတ္တိစာသင်တိုက်၌ ကျင်းပသည်။

ဦးစွာ သင်္ဃန်းကျွန်းခရိုင် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စည်သူမှ သြဝါဒခံယူပွဲ ပြုလုပ်ရခြင်းနှင့်ပတ်သက်၍ လျှောက်ထားတင်ပြသည်။ ဆက်လက်၍ ဆုထူးပန်ပရိယတ္တိ ရွှေကျင်ကျောင်းတိုက် နာယကဆရာတော်၊ သာသနဓဇဓမ္မာစရိယ၊ ဂန္ထဝါစကပဏ္ဍိတ၊ ဆရာတော် ဘဒ္ဒန္တကုဏ္ဍလ အရှင်သူမြတ်မှ ငြိမ်းချမ်းရေးအတွက်ဆုတောင်း၍ သြဝါဒကထာတရားချီးမြှင့်ဟောကြားသည်။ ဆက်လက်၍ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို) တိုင်း/ခရိုင်/မြို့နယ်များမှ အလုပ်အမှုဆောင်များက ဆရာတော်သံဃာတော်အရှင်သူမြတ်တို့အား သင်္ကန်းပရိက္ခရာများနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ‌ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။

အခမ်းအနားသို့ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)မှ ဒုတိယဥက္ကဋ္ဌ ဦးဗိုလ်ဗိုလ်မောင် (အစ္စလာမ်ဘာသာ)၊ အထွေထွေအတွင်းရေးမှူး ဦးသန့်ဇင်လှိုင်၊ အတွင်းရေးမှူး ဦးဇော်မိုးအောင်(ဗုဒ္ဓဘာသာ)၊ ဗဟိုအမျိုးသမီးရေးရာလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်မြသွေး၊ ရန်ကုန်တိုင်းဒေသကြီးမှ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဦးဘာဘူလေး(ဟိန္ဒူဘာသာ)၊ ဦးမိုးဇက်(ခရစ်ယာန်ဘာသာ)၊ အထွေထွေအတွင်းရေးမှူး ဦးဇော်ဝင်းအောင်နှင့် ဗဟို/တိုင်း/ခရိုင်/မြို့နယ်များမှ ဥက္ကဋ္ဌများနှင့် အလုပ်အမှုဆောင်များ တက်ရောက်ခဲ့ကြသည်။

တိမ်ယံ 

https://t.me/MyanmarNationalPost

No comments:

Post a Comment