ထန်းတပင်မြို့နယ်၌ ဆဋ္ဌမအကြိမ်မြောက် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာစာမေးပွဲနှင့် ဆုနှင်းသဘင်ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ထန်းတပင်မြို့နယ်၌ ဆဋ္ဌမအကြိမ်မြောက် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာစာမေးပွဲနှင့် ဆုနှင်းသဘင်ကျင်းပ









ထန်းတပင်(ရန်ကုန်)၊ မေ ၁၈

ရန်ကုန်တိုင်းဒေသကြီး မှော်ဘီခရိုင် ထန်းတပင်မြို့နယ်သံဃနာယကဆရာတော်များနှင့်ဦးဆောင် ဆရာတော်များဦးစီးကျင်းပသည့် ဆဋ္ဌမအကြိမ်မြောက် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာစာမေးပွဲနှင့်ဆုနှင်း သဘင်အခမ်းအနားကို မေ ၁၇ ရက်က အစုကြီးကျေးရွာအုပ်စု သီတာအေးကျေးရွာရှိ ဓမ္မပါလကျောင်း တိုက်ကြီးတွင်ကျင်းပသည်။

(၃၈)ဖြာမင်္ဂလာတရာတော်ြမတ်များကို လိုက်နာကျင့်သုံးနိုင်စေရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပြီး ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာအခြေခံအဆင့်စာမေးပွဲသို့ ကျောင်းသား၊ ကျောင်းသူ(၁၅၄)ဦး၊ ပထမအဆင့် စာမေးပွဲသို့ကျောင်းသား၊ ကျောင်းသူ (၁၃၀)၊ ဒုတိယအဆင့်စာမေးပွဲသို့ ကျောင်းသား၊ ကျောင်းသူ(၅၇)ဦး၊ တတိယအဆင့်စာမေးပွဲသို့ ကျောင်းသား၊ ကျောင်းသူ(၁၆)ဦးနှင့် ဗုဒ္ဓဝင်ပထမအဆင့်စာမေးပွဲသို့ကျောင်းသား၊ ကျောင်းသူ(၁၀)ဦး၊ ဗုဒ္ဓဝင်ဒုတိယအဆင့်စာမေးပွဲသို့ ကျောင်းသား၊ ကျောင်းသူ(၄)ဦး၊ စုစုပေါင်းကျောင်းသား၊ ကျောင်းသူ(၃၇၁)ဦးတို့ ဝင်ရောက်ဖြေဆိုသည်။

ဆုရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ကျောင်းကုန်းကျေးရွာ ရတနာသိင်္ဂီကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တ ရေဝတ၊ မြို့နယ် သံဃနာယကအဖွဲ့ဒုတိယဥက္ကဋ္ဌ စိန္တိတာရာမနိဗ္မိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တစိန္တိတနှင့် မြို့နယ် သံဃနာယကအဖွဲ့ဝင်ဆရာတော်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်နိုင်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)မှတာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ခဲ့ကြကြောင်းသိရသည်။


ဇင်မင်းထိုက်(ထန်းတပင်)

#MNP #News

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)