Pages

Pages

ပုသိမ်ကြီးမြို့နယ်ရှိ ဌာနဆိုင်ရာရုံးများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းများ ဆောင်ရွက်




ပုသိမ်ကြီး   ၊ မေ ၁၈

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၉ နာရီခွဲမှ စတင်ကာ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန (ရုံးချုပ်)၊ တိုင်းဒေသကြီး သစ်တောဦးစီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာနတို့သို့ မီးသတ်တပ်ဖွဲ့ဝင်များ ကွင်းဆင်းစစ်ဆေးကြသည်။

ဦးစွာ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန(ရုံးချုပ်)တွင် မီးသတ်ဆေးဗူး၊ ဆီသိုလှောင်ကန်၊ ရေစင်၊ ရုံးခန်းများနှင့် အခြားနေရာများအား စစ်ဆေးရာ ညွှန်ကြားရေးမှူး ဦးဇာမင်းသန့်က ရုံးနေရာများ လိုက်လံပြသခဲ့ပြီး၊ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးမင်းသန့် နှင့်တပ်ဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ အကြံပြုပြောကြားသည်။

ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးမှူးက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ 191 Report Application အသုံးပြုနည်းများကို ရှင်းလင်းပြသခဲ့ပြီး၊ ကျန်ရှိသည့် ဌာနဆိုင်ရာရုံးများကိုလည်း ဆက်လက် စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇာနည်ကိုကို

https://t.me/MyanmarNationalPost

No comments:

Post a Comment