Pages

Pages

ကျိုက်ထိုမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးသတင်းပတ် မြေစိုက်ပိုစတာစိုက်ထူ





ကျိုက်ထို၊ မေ ၂၁

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင်  ၂၀၂၆-၂၀၂၇ ပညာသင်နှစ် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းနေအရွယ်ကလေးများအားလုံးကျောင်းအပ်နှံ‌ရေးအတွက် ကျောင်းအပ်နှံရေးနေ့မြေစိုက်ပိုစတာစိုက်ထူပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်ပညာရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ ကျိုက်ထိုခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌဦးကံစောလှိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင့်လွင်နှင့်တာဝန်ရှိသူများက ကျောင်းအပ်နှံ‌ရေးသတင်းပတ် မြေစိုက်ပိုစတာအားစိုက်ထူပြီး  အမွှေးနံသာရည်ဖြင့် ပက်ဖျန်းခဲ့ကြကြောင်းသိရသည်။

အဆိုပါအခမ်းအနားကို ကျိုက်ထိုခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌဦးကံစောလှိုင်  နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင့်လွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးဦးမောင်ညိုနှင့်ဝန်ထမ်းများ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြောင်းသိရသည်။


ပြည့်ဖြိုး

#MNP #News

ليست هناك تعليقات:

إرسال تعليق