ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (စစ်ကိုင်း) ၂၀၂၅-၂၀၂၆ပညာသင်နှစ် ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့အမှတ်စဉ် (၁၉) သင်တန်းဆင်းပွဲနှင့် အလုပ်ခန့်အပ်လွှာပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (စစ်ကိုင်း) ၂၀၂၅-၂၀၂၆ပညာသင်နှစ် ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့အမှတ်စဉ် (၁၉) သင်တန်းဆင်းပွဲနှင့် အလုပ်ခန့်အပ်လွှာပေးအပ်


စစ်ကိုင်း၊ မေ ၂၀

ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(စစ်ကိုင်း) ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့အမှတ်စဉ်(၁၉)သင်တန်းဆင်းပွဲနှင့် အလုပ်ခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့က အဆိုပါကောလိပ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (စစ်ကိုင်း)ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက မိမိတို့တာဝန်ကျရာဒေသများ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဒေသခံတိုင်းရင်းသားများနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်နှင့် မူလလုပ်ငန်းတာဝန်များအပြင် ဒေသခံတိုင်းရင်းသားလူမျိုးများ၏ စာပေ၊ ရိုးရာ၊ ဓလေ့ထုံးစံအမွေအနှစ်များကို လေးစားလိုက်နာကာ ချစ်မြတ်နိုးစွာ ဝိုင်းဝန်းထိန်းသိမ်းကာကွယ်စောင့်ရှောက်သွားရမည်ဖြစ်ကြောင်း ပြောကြားပြီး ထူးချွန်ဆုရရှိသူများကို ဆုများပေးအပ်ချီးမြှင့်၍ ဝန်ကြီးဌာနလေးခုတို့မှ ကိုယ်စားလှယ်များက သင်တန်းဆင်း ကျောင်းသား ကျောင်းသူ ၂၀၇ ဦး တို့ကို အလုပ်ခန့်အပ်လွှာများပေးအပ်သည်။

မွန်းလွဲပိုင်းတွင် အစည်းအဝေးခန်းမ၌ ကျောင်းအုပ်ကြီး၊ ပါမောက္ခဌာနမှူးများ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး ချီးမြှင့်ငွေများပေးအပ်ကာ မနုဿဗေဒပြခန်း၊ အိပ်ဆောင်များ၊ စာသင်ဆောင်များ၊ ကွန်ပျူတာလက်တွေ့ခန်း၊ Language Lab ၊ လေးထပ်အင်ဂျင်နီယာအလုပ်ရုံ၊ မိုးလုံလေလုံအားကစားရုံ ဆောက်လုပ်မည့်မြေနေရာနှင့် ငါးခူမွေးမြူရေးတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


#MNP #News

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)