နေပြည်တော်၊ မေ ၂၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H. E. Ms. Ma Jia အား ယမန်နေ့က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး ဧည့်တွေ့ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးနှင့် အေးအတူပူအမျှ အသိုက်အဝန်းပိုမိုခိုင်မြဲစေရေး၊ ပညာရေးနှင့်ကျန်းမာရေးကဏ္ဍ ပိုမိုတိုးမြှင့်ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ နိုင်ငံ့ဝန်ထမ်းများနှင့် လူငယ်များအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများ ပူးပေါင်းဆောင်ရွက်သွားနိုင်ရေး၊ အမျိုးသမီးကဏ္ဍ ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ဒုတိယသမ္မတနှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးနှင့်အတူ တာဝန်ရှိသူများ တက်ရောက်ကြသည်။
#MNP #News

ليست هناك تعليقات:
إرسال تعليق