ကျောက်မဲမြို့နယ်၌ ရက်(၁၀၀)လမင်းစီမံချက်ဖြင့် မိုင်းတင်းကျေးရွာအုပ်စုမှ ပြည်သူများအား နိုင်ငံသားကတ်နှင့် UID လုပ်ငန်းများ ဆောင်ရွက်ပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်မဲမြို့နယ်၌ ရက်(၁၀၀)လမင်းစီမံချက်ဖြင့် မိုင်းတင်းကျေးရွာအုပ်စုမှ ပြည်သူများအား နိုင်ငံသားကတ်နှင့် UID လုပ်ငန်းများ ဆောင်ရွက်ပေး


ကျောက်မဲ   ၊ မေ ၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်အတွင်း ဒေသခံပြည်သူများ နိုင်ငံသားအခွင့်အရေးနှင့် သက်သေခံအထောက်အထားများ ရရှိစေရန်အတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျောက်မဲမြို့နယ် ဦးစီးမှူးရုံး၌ ရက်(၁၀၀) လမင်းစီမံချက်အရ ယနေ့နံနက် ၉ နာရီက စတင်၍ မိုင်းတင်းကျေးရွာအုပ်စုမှ ပြည်သူများကို ဖိတ်ခေါ်ကာ မြို့နယ်ဦးစီးအရာရှိ ဦးမင်းသူနှင့် ဝန်ထမ်းများက အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းနှင့် Biometric UID ဇီဝအချက်အလက် ကောက်ယူခြင်းလုပ်ငန်းများကို နေ့ချင်းပြီး ဝန်ဆောင်မှုအဖြစ် ဦးစားပေး ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ ဆောင်ရွက်ပေးနေမှုကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးညွှန့်ရွှေနှင့် ကော်မတီအဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြသည်။အဆိုပါ ရက် (၁၀၀) လမင်းစီမံချက်ကို ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၀ ရက်မှ စတင်၍ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ရာ စီမံချက်စတင်ချိန်မှ ယနေ့အထိ ကျောက်မဲမြို့နယ်အတွင်း အသက် (၁၀) နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၃၃၂) ဦး၊ အသက် (၁၈)နှစ်ပြည့် ကတ်ပြား (၃၀) ဦးနှင့် Biometric UID ဇီဝအချက်အလက် ဆောင်ရွက်သူ (၁၁၂၁) ဦးတို့အား နိုင်ငံသားအခွင့်အရေးနှင့် သက်သေခံအထောက်အထားများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)