ရတနာပုံဆိုက်ဘာစီးတီး မှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ အိန္ဒိယလုပ်ငန်းရှင်များကို ဖိတ်ခေါ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရတနာပုံဆိုက်ဘာစီးတီး မှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ အိန္ဒိယလုပ်ငန်းရှင်များကို ဖိတ်ခေါ်


နေပြည်တော်၊ ဇွန် ၅

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေစဉ်အတွင်း Doordarshan (DD India News) သတင်းဌာန၏ တွေ့ဆုံ မေးမြန်းမှုများကို လက်ခံဖြေကြားခဲ့ပြီး "မြန်မာနိုင်ငံမှာ IT နဲ့ပတ်သက်တဲ့ မြို့တော်စီမံကိန်းတစ်ခု လုပ်နေကြောင်း၊ ရတနာပုံဆိုက်ဘာစီးတီးဆိုပြီးတော့ လုပ်နေခြင်းဖြစ်ကြောင်း၊ အိန္ဒိယက အိုင်တီပညာနဲ့ ပတ်သက်တဲ့ ကုမ္ပဏီတွေ၊ လုပ်ငန်းတွေလာပြီးတော့ လုပ်မယ်ဆိုရင် အခွင့်အလမ်းတွေအများကြီးရှိကြောင်း ပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က "ကျွန်တော်တို့က ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍနဲ့ပြောရရင် ကဏ္ဍပေါင်းစုံအများကြီးရှိပါတယ်။ စောစောကပြောတဲ့ ကျွန်တော်ရှင်းပြတဲ့ဟာတွေအပြင် ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ ယဉ်ကျေးမှုကဏ္ဍတွေ၊ ဥပမာရှေးဟောင်းအမွေအနှစ်တွေ ထိန်းသိမ်းတဲ့ ကဏ္ဍတွေဆိုပြီးရှိတယ်။ စက်မှုပိုင်းဆိုင်ရာမှာလည်း ကျွန်တော်တို့ ဖွံ့ဖြိုးတိုးတက်ချင်ရင် ရေရှည်မှာ ကျွန်တော်တို့ စက်မှုပိုင်းဆိုင်ရာတွေ အများကြီးလိုအပ်ပါတယ်။ နောက် IT နဲ့ပတ်သက်တာပါ။ အိန္ဒိယက IT မှာ ထိပ်တန်းနိုင်ငံတစ်ခုဖြစ်တယ်။ ဒါ့ကြောင့် IT နဲ့ပတ်သက်လို့ အိန္ဒိယနဲ့ကျွန်တော်တို့ ပူးပေါင်းမယ်ဆိုရင် အများကြီးအခွင့်အလမ်းရှိပါတယ်။ မြန်မာနိုင်ငံမှာ IT နဲ့ပတ်သက်တဲ့ မြို့တော်စီမံကိန်းတစ်ခု ကျွန်တော်တို့ လုပ်နေတယ်။ ရတနာပုံဆိုက်ဘာစီးတီးဆိုပြီးတော့ လုပ်နေတယ်။ အရင်ကတော့ မေမြို့လို့ခေါ်တယ်၊ အခုတော့ ပြင်ဦးလွင် လို့ခေါ်တဲ့မြို့ပါ။ ကိုလိုနီခေတ်တုန်းကတော့ အပန်းဖြေတဲ့မြို့အဖြစ် နာမည်ကြီးတယ်။ အဲဒီမှာ IT မြို့တော်တစ်ခု လုပ်နေတာ၊ ပြန်အကောင် အထည်ဖော်နေတာရှိတယ်။ ဒါလည်း အိန္ဒိယက အိုင်တီပညာနဲ့ ပတ်သက်တဲ့ ကုမ္ပဏီတွေ၊ လုပ်ငန်းတွေလာပြီးတော့ လုပ်မယ်ဆိုရင် အခွင့်အလမ်းတွေအများကြီးရှိပါတယ်။ တော်တော်ကျယ်ပြန့်ပါတယ်။ အိန္ဒိယကလည်း အတွေ့အကြုံရှိတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့်အိန္ဒိယနိုင်ငံက အများကြီးအထောက်အကူပြုနိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်" ဟု ပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်း လာရောက်ရင်းနှီးမြှုပ်နှံလိုသည့် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ် ဆောင်ရွက်သွားရန်နှင့် လုပ်ငန်းအမှန်တကယ်ဆောင်ရွက်မည့် ရင်းနှီးမြှုပ်နှံသူများအတွက် လိုအပ်သည့် မြေနေရာများကို ခွင့်ပြုဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စီမံကိန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို သွားရောက်စစ်ဆေးစဉ်က ပြောကြားခဲ့သည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)