Pages

Pages

မြန်မာနိုင်ငံမှ ဆရာတော်တစ်ပါးနဲ့ လူပုဂ္ဂိုလ်တစ်ဦးကို အိန္ဒိယသို့ အကြိမ်ကြိမ်ဝင်ထွက်ခွင့်ရှိသော OCI သက်သေခံကတ်ပြား တစ်သက်စာဗီဇာထုတ်ပေး



ရန်ကုန်၊ ဇွန် ၅

မြန်မာနိုင်ငံမှ ဆရာတော်တစ်ပါးနဲ့ လူပုဂ္ဂိုလ်တစ်ဦးကို အိန္ဒိယနိုင်ငံသို့ အကြိမ်ကြိမ် ဝင်ထွက်သွားလာခွင့်ရှိသော ဘဝတစ်သက်စာဗီဇာ ပြည်ပရှိအိန္ဒိယနွယ်ဖွားသက်သေခံကတ်ပြား(OCI card) ထုတ်ပေးခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးရဲ့ ထုတ်ပြန်ချက်အရသိရသည်။

၂၀၂၆ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့မှာ သံအမတ်ကြီး Abhay Thakur ဟာ မန္တလေးမြို့မှာ အိန္ဒိယနွယ်ဖွား လူမှု အသိုက်အဝန်းများဖြစ်သည့် (မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဗဟိုကောင်စီ၊ Sanatan Dharma Swayamsevak Sangh  နှင့် Arya Samaj) တို့မှ ဦးဆောင်ကိုယ်စား လှယ်များရှေ့မှောက်မှာ ဆရာတော် ဒေါက်တာပညာသာမိထံသို့ လည်းကောင်း၊ ပြင်ဦးလွင်မြို့မှာ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MRCCI) ဥက္ကဋ္ဌ ဦးတင်လတ်ထံသို့လည်းကောင်း ပြည်ပရှိ အိန္ဒိယနွယ်ဖွားသက်သေခံကတ်ပြား (OCI card) များကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ကောင်စစ်ဝန်ချုပ် Sundeep Kaushal သည်လည်း အဆိုပါ အခမ်းအနားနှစ်ရပ်စလုံးမှာ သံအမတ်ကြီးနှင့်အတူ တက်ရောက်ခဲ့ပြီး OCI ကတ်ဟာ အိန္ဒိယနိုင်ငံသို့ အကြိမ်ကြိမ် ဝင်ထွက်သွားလာခွင့်ရှိကာ ရည်ရွယ်ချက်များစွာအတွက် ဘဝ တစ်သက်တာဗီဇာကို ပေးအပ်ထားခြင်းဖြစ်ပြီး၊ စီးပွားရေးနှင့် ကုန်သွယ်မှုလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းပိုင်ဆိုင်ခွင့်၊ ဘဏ္ဍာရေးဆိုင်ရာ လွှဲပြောင်းခြင်းပြုလုပ်မှုများနှင့် ပညာရေးအပါအဝင် အခွင့်အလမ်းများ ပေးထားသည်။


#MNP #News

No comments:

Post a Comment