နောင်ချို၊ ဇူလိုင် ၄
ကျန်းမာရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်ပါ လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် ကွင်းဆင်းဆေးကုသမှု လုပ်ငန်းအား ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ လားရှိုးပြည်သူ့ဆေးရုံကြီး၊ ကျောက်မဲနှင့် သီပေါပြည်သူ့ဆေးရုံတို့မှ အထူးကုဆရာဝန်ကြီးများသည် နောင်ချိုမြို့နှင့် အနီးတစ်ဝိုက်မှ ဒေသခံတိုင်းရင်းသားပြည်သူများအား ယမန်နေ့နံနက် (၁၀)နာရီမှ မွန်းလွဲ (၂)နာရီထိ နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံ၌ လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုနှင့် ကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအား နယ်မြေခံတပ်နယ်မှ တာဝန်ရှိသူများ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ ကျောက်မဲခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ နောင်ချိုမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ မိခင်ကလေးနှင့် အမျိုးသမီးရေးရာတို့မှ တာဝန်ရှိသူများက လာရောက်ကြည့်ရှု အားပေးခဲ့သည်။
ကွင်းဆင်းကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် လာရောက်ပြသသူများအား နှစ်သိမ့်ဆွေးနွေး ပညာပေး၍ တီဘီ၊ အိပ်ချ်အိုင်ဗွီ၊ ကာလသားရောဂါနှင့် ဌက်ဖျားရောဂါပိုး ရှိ/မရှိ သွေးစစ်ဆေးပေးခြင်း၊ ဆေးစိမ်ခြင်ထောင်များ ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး အထွေထွေရောဂါ၊ ကလေးကျန်းမာပညာ၊ ခွဲစိတ်ကုပညာ၊ သားဖွားမီးယပ်ပညာ၊ အရိုး/အကြောရောဂါပညာ၊ မျက်စိ/ နား/ နှာခေါင်း/ လည်ချောင်း/ ဦးခေါင်းနှင့် လည်ပင်းရောဂါပညာ၊ သွားနှင့်ခံတွင်းရောဂါနှင့် ဓါတ်မှန်နှင့် ပုံရိပ်ဖော် စသည့် အထူးကုဘာသာရပ်များအလိုက် လာရောက်ပြသခဲ့ကြသည့် ဒေသခံတိုင်းရင်းသားပြည်သူစုစုပေါင်း (၈၀၀)ဦးအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
#MNP #News






No comments:
Post a Comment