ဖလမ်းမြို့နယ်တွင် ကျောင်းပေါင်း ၁၀၈ ကျောင်း ဖွင့်လှစ်နိုင်ပြီ၊ သင်ကြားရေး ဆရာ ဆရာမ ၂၇၃ ဦးဖြင့် အခြေခံပညာကျောင်းသား ကျောင်းသူ ၁၄၇၇ ဦးတို့ကို ပညာသင်ကြားပေးလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဖလမ်းမြို့နယ်တွင် ကျောင်းပေါင်း ၁၀၈ ကျောင်း ဖွင့်လှစ်နိုင်ပြီ၊ သင်ကြားရေး ဆရာ ဆရာမ ၂၇၃ ဦးဖြင့် အခြေခံပညာကျောင်းသား ကျောင်းသူ ၁၄၇၇ ဦးတို့ကို ပညာသင်ကြားပေးလျက်ရှိ


 

ဖလမ်းမြို့နယ်တွင် ကျောင်းပေါင်း ၁၀၈ ကျောင်း ဖွင့်လှစ်နိုင်ပြီ၊ 

သင်ကြားရေး ဆရာ ဆရာမ ၂၇၃ ဦးဖြင့် အခြေခံပညာကျောင်းသား ကျောင်းသူ ၁၄၇၇ ဦးတို့ကို ပညာသင်ကြားပေးလျက်ရှိ

 

နေပြည်တော်၊ ဇူလိုင် ၄

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များနှင့်အတူ ဇူလိုင် ၁ ရက်က ဖလမ်းမြို့ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကော်မတီဝင်များ၊ ဘာသာရေးခေါင်းဆောင်များ၊ သင်းအုပ်ဆရာ သိက္ခာတော်ရဆရာတော်များ၊ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံသည်။

ဦးစွာ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ဖလမ်းမြို့အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများနှင့် တွေ့ဆုံရာ လိုအပ်ချက်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုများကို လိုက်လံကြည့်ရှုအားပေးကာ ဆရာ ဆရာမများနှင့် ဝန်ထမ်းများကို တစ်ဦးချင်းရင်းရင်းနှီးနှီး အားပေးစကားပြောကြားပြီး BURMAR Cafe ထုပ်များ လက်ဆောင်ပေးအပ်သည်။

ဖလမ်းမြို့နယ်တွင် ကျောင်းပေါင်း ၁၀၈ ကျောင်း ဖွင့်လှစ်နိုင်ပြီဖြစ်ပြီး သင်ကြားရေး ဆရာ ဆရာမ ၂၇၃ ဦးဖြင့် အခြေခံပညာကျောင်းသား ကျောင်းသူ ၁၄၇၇ ဦးတို့ကို ပညာသင်ကြားပေးလျက်ရှိသည်။ ယနေ့အထိ တီးတိန်မြို့နယ်ရှိ ကျောင်းပေါင်း ၁၀၉ ကျောင်းတွင် သင်ကြားရေး ဆရာ ဆရာမ ၆၈၅ ဦးဖြင့် အခြေခံပညာကျောင်းသား ကျောင်းသူ ၁၂၁၅၇ ဦး၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး ကျောင်းသား ၆၄ ဦး စုစုပေါင်း ၁၂၂၂၁ ဦးတို့ကိုလည်းကောင်း၊ တွန်းဇံမြို့နယ်ရှိ ကျောင်းပေါင်း ၅၅ ကျောင်းတွင် သင်ကြားရေး ဆရာ ဆရာမ ၂၇၆ ဦးဖြင့် အခြေခံပညာကျောင်းသား ကျောင်းသူ ၃၉၁၈ ဦးတို့ကိုလည်းကောင်း ပညာသင်ကြားပေးနေပြီဖြစ်သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဆောင်ရွက်နေသည့် လမင်းစီမံချက်ဖြင့် ကျောင်းသား ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ထုတ်ပေးခြင်းဆောင်ရွက်နေမှုများကို ကြည့်ရှုပြီး ကျောင်းသား ကျောင်းသူများကို နိုင်ငံသားစိစစ်ရေးကတ်များ ပေးအပ်သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ဖလမ်းမြို့တွင် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကော်မတီဝင်များ၊ ဘာသာရေးခေါင်းဆောင်များ၊ သင်းအုပ်ဆရာသိက္ခာတော်ရ ဆရာတော်များ၊ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ဒုတိယဝန်ကြီးက ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို အလျင်အမြန် အကောင်အထည်ဖော်ဆောင်ရွက်ကြရမည်ဖြစ်ပြီး အားလုံးပူးပေါင်းဆောင်ရွက်သွားကြရန်နှင့် ဒေသဖွံ့ဖြိုးရေးတွင် ဒေသတည်ငြိမ်အေးချမ်းရေးသည် အဓိကအရေးကြီးပါကြောင်း၊ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘာသာရေးခေါင်းဆောင်များ၊ သင်းအုပ်ဆရာ သိက္ခာတော်ရဆရာတော်များ၊ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြရန် ပြောကြားပြီး တင်ပြချက်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးကာ BURMAR Cafe ထုပ်များ လက်ဆောင်ပေးအပ်ခဲ့ကြောင်း သိရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)