ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၄/၂၀၂၆) ကျင်းပပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking


ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၄/၂၀၂၆) ကျင်းပပြုလုပ်







ပဲခူး၊ ဩဂုတ် ၂၆

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ယမန်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၄/၂၀၂၆) ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် သင်တန်းကျောင်းတို့မှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီး များ တက်ရောက်ခဲ့သည်။ 

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် ရေကြီးရေလျှံမှုတို့ကြောင့် မိုးသီးနှံများ ထိခိုက်ပျက်စီးမှုမရှိစေရေး ကွင်းဆင်းစိစစ်၍ ဖာထေး စိုက်ပျိုးခြင်းများ ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း မိုးစပါးများ စတင်ရိတ်သိမ်းနေပြီဖြစ်၍ ရိတ်သိမ်းပြီး မိုးစပါးများ အမိုးအကာအောက် အမြန်ဆုံးရောက်ရှိစေရေး လိုအပ်သည်များ ပံ့ပိုးကူညီ ဆောင်ရွက်ပေးရန်ဖြစ် ကြောင်း၊ ဌာနဆိုင်ရာရုံးလုပ်ငန်းများနှင့်ပတ်သက်၍ တိကျမှန်ကန်မြန်ဆန်စွာ ဆောင်ရွက်ရန်နှင့် ပြည်သူ့ ဝန်ဆောင်မှုပေးသည့် ဌာနဆိုင်ရာများအားလုံး မြို့ပြသန့်ရှင်းသာယာလှပေစေရေးနှင့် လမ်းပိုင်းများအလိုက် ကောင်းမွန်မှုရှိစေရေး ချက်ခြင်းပျက် ချက်ခြင်းပြင်စနစ်ကို ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ မိုးရာသီကာလ အတွင်း ကူးစက်ရောဂါ ဖြစ်ပွားမှုမရှိစေရေး ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားရန် ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများက ပုံမှန်ရုံးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၃/၂၀၂၆)၏ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြသည်။

 ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများကိုလည်းကောင်း၊ တိုင်းဒေသကြီးအစိုးရဖွဲ့ အတွင်းရေးမှူးက ပြည်ထောင်စုအစိုးရအဖွဲ့၏ ညွှန်ကြားချက်များ၊ လမ်းညွှန်ချက် များနှင့်အညီ ရုံးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ရှင်းလင်းဖတ်ကြားတင်ပြခဲ့ရာ ပဲခူး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တင်ပြချက်များနှင့်ပတ်သက်၍ လိုအပ်သည်များ ဖြည့်စွက် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။ 


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)