လောင်းလုံးမြို့နယ်၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီး၊ ရေလျှံခြင်းနှင့် တောင်ပြိုခြင်းများဖြစ်ပေါ် - Myanmar National Post

Myanmar National Post

News Agency

Breaking

လောင်းလုံးမြို့နယ်၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီး၊ ရေလျှံခြင်းနှင့် တောင်ပြိုခြင်းများဖြစ်ပေါ်




လောင်းလုံး၊ စက်တင်ဘာ ၂၇

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် စက်တင်ဘာလ ၂၆ ရက်နေ့မှစ၍ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီး၊ ရေလျှံခြင်းနှင့် တောင်ပြိုခြင်းများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

‎အဆိုပါ ရေကြီး၊ ရေလျှံမှုနှင့်တောင်ပြိုခြင်းများကြောင့် လောင်းလုံးမြို့ပေါ်ရပ်ကွက် (၄) ရပ်ကွက်မှ ရေဘေးသင့်ပြည်သူပေါင်း (၈၄၃၁) ဦးကို အမှတ် (၄၀၆) ခြေမြန်တပ်ရင်းမှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ကျော်ဖြိုးအောင်နှင့် တပ်ဖွဲ့ဝင်များက ပန်တောဝဘုန်းတော်ကြီးကျောင်းသို့ ကူညီကယ်ဆယ်ပေးခဲ့ကြောင်းနှင့် အချို့သော ကျေးရွာနေပြည်သူများသည် မိမိတို့နေအိမ်များမှ မိမိတို့အစီအစဉ်ဖြင့် ရေဘေးလွတ်သည့် နေအိမ်များသို့ စုပေါင်းပြောင်းရွှေ့နေထိုင်ကြကြောင်း သိရသည်။


‎သိန်းသိန်း(လောင်းလုံး)

#News #Myanmar 


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)