NLD အစွန်းရောက် PDF အကြမ်းဖက်သမားများက မလှိုင်မြို့နယ်၊ ထမ္မကြီးကျေးရွာမှ အပြစ်မဲ့ ပြည်သူ ၁၂ ဦးအား အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု လုပ်ရပ်အပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း သဘောထား ကြေညာချက် - Myanmar National Post

Myanmar National Post

News Agency

Breaking


NLD အစွန်းရောက် PDF အကြမ်းဖက်သမားများက မလှိုင်မြို့နယ်၊ ထမ္မကြီးကျေးရွာမှ အပြစ်မဲ့ ပြည်သူ ၁၂ ဦးအား အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု လုပ်ရပ်အပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း သဘောထား ကြေညာချက်



 

NLD အစွန်းရောက် PDF အကြမ်းဖက်သမားများက မလှိုင်မြို့နယ်၊ ထမ္မကြီးကျေးရွာမှ အပြစ်မဲ့ ပြည်သူ ၁၂ ဦးအား အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု လုပ်ရပ်အပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း သဘောထား ကြေညာချက်


ရက်စွဲ။   ။ ၂၀၂၆ခုနှစ်၊ စက်တင်ဘာလ (၁) ရက်

NLD အစွန်းရောက်များ ဖွဲ့စည်းထားသည့် PDF အကြမ်းဖက်သမားများအနေဖြင့် ပြည်သူ့ကာကွယ်ရေးဟု အမည်ခံထားသော်လည်း လက်နက်မဲ့ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများကို ရက်စက်စွာ ဖမ်းဆီး နှိပ်စက် သတ်ဖြတ်မှုများကြောင့် သံဃာတော်များ၊ သီလရှင်များ၊ ဆရာ/ဆရာမ ပညာရေးဝန်ထမ်းများအပါအဝင် အပြစ်မဲ့ ပြည်သူပေါင်း ၉၇၀၀ ကျော်အထိ သေဆုံးခဲ့ရပြီး ဖြစ်ပါသည်။

၂၀၂၆ ခုနှစ်၊ သြဂုတ်လ (၃၁)ရက်နေ့ က NLD အစွန်းရောက်များ ဖွဲ့စည်းထားသည့် PDF အမည်ခံ အကြမ်းဖက်သမားများ မလှိုင်မြို့နယ်၊ ထမ္မကြီးကျေးရွာမှ အပြစ်မဲ့ အရပ်သားပြည်သူများဖြစ်ကြသော ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးလင်းထိုက်(၄၄)နှစ်၊ ဦးမောင်သိန်း(၄၃)နှစ်၊ ဦးချစ်စမ်းမောင် (၄၄)နှစ်၊ ဦးဗိုလ်သက်လင်း(၄၀)နှစ်၊ ဦးသန်းဌေးအောင်(၃၉)နှစ်၊ ဦးဝေယံစိုး(၃၂)နှစ်၊ ဦးဇော်ခက်(၄၅)နှစ်၊ ဦးဟိန်းဝဏ္ဏဇော်(၂၂)နှစ်၊ ဦးဝင်းနိုင်(၄၄)နှစ်၊ ဦးအုန်းမောင်(၆၃)နှစ်၊ ဒေါ်ခင်မူ(၄၄)နှစ်နှင့် ဒေါ်လဲ့လဲ့ဝင်း(၄၄)နှစ်တို့ဖြစ်၍ အမျိုးသား ၁၀ ဦးနှင့် အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၁၂ ဦးတို့အား လက်နက်အားကိုးဖြင့်အကြောင်းမဲ့ ယုတ်မာရိုင်းစိုင်းစွာ လက်နက်ငယ်များဖြင့် ရက်ရက်စက်စက် ဝိုင်းဝန်းပစ်ခတ်သတ်ဖြတ်ခဲ့ကြသည်။

NLD အစွန်းရောက်များ ဖွဲ့စည်းထားသည့် PDF အမည်ခံ အကြမ်းဖက်သမားများ၏ လုပ်ရပ်သည် လူမဆန်သည့် လုပ်ရပ်ဖြစ်ပြီး အပြစ်မဲ့ ပြည်သူများကို ယခုလို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ ကျူးလွန်နေခြင်းသည် လူ့အဖွဲ့အစည်းအတွင်း လက်ခံနိုင်ဖွယ်ရာမရှိသော ရက်စက်ယုတမာမှုများ ဖြစ်ပါသည်။ ထိုသို့ လူမဆန်သည့် လုပ်ရပ်များကို ကျူးလွန်လျက်ရှိသည့် NLD အစွန်းရောက် PDF အမည်ခံ အကြမ်းဖက်သမားများ၏ လုပ်ရပ်ကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချသည်။

NLDအစွန်းရောက်များ ဖွဲ့စည်းထားသည့် PDF အမည်ခံအကြမ်းဖက်သမားများသည် မလှိုင်မြို့နယ်၊ ထမ္မကြီးရွာတွင် အပြစ်မဲ့ပြည်သူ ၁၂ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်သကဲ့သို့ မြိုင်မြို့နယ်၊ ပေါက်မြို့နယ်တို့တွင်လည်း အလားတူ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ ကျူးလွန်ခဲ့ကြသည်။ ထို့ပြင် ပင်လောင်းမြို့နယ်၊ နမ့်နိမ်ကျေးရွာတွင်လည်း KNDF၊ PDF အကြမ်းဖက်အဖွဲ့များက သံဃာတော်များ အပါအဝင် ဒေသခံ ပအိုဝ်းလူမျိုး ၂၀ ကျော်ကို အစုလိုက်အပြုံလိုက် ရက်စက်စွာ သတ်ဖြတ်ခဲ့သည့် မှတ်တမ်းများ ရှိပါသည်။

သူယုတ်မာများ၊ ဆင်ခြင်တုံတရားမရှိသော လူရမ်းကားများ၏ လက်ဝယ်တွင် လက်နက်ရှိနေခြင်းအားဖြင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများ၏ အသက်ခန္ဓာမှာ အချိန်မရွေး ဆုံးရှုံးရနိုင်ပါသည်။ NLD အစွန်းရောက်များ အနေဖြင့် ၂၀၂၁ ခုနှစ်မှစ၍ ယနေ့တိုင်အောင် PDF အမည်ခံ အကြမ်းဖက်အဖွဲ့အစည်းမျိုးစုံ ဖွဲ့စည်းကာ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများအပေါ် ယုတ်မာရိုင်းစိုင်းစွာ ဖမ်ဆီးနှိပ်စက် သတ်ဖြတ်မှုများ လုပ်ဆောင်လျက်ရှိသည်ဖြစ်ရာ NLD အစွန်းရောက်များ၏ အကြမ်းဖက်လှုပ်ရှားမှု အမြစ်ပြတ် ပပျောက်အောင် တာဝန်ရှိသူများ အနေဖြင့် အလေးထား ဆောင်ရွက်သင့်ပြီဟု မှတ်ယူပါသည်။

လူ့အဖွဲ့အစည်းအတွင်း လက်ခံနိုင်ဖွယ်ရာမရှိသည့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို ကျူးလွန်လျက်ရှိသည့် NLD အစွန်းရောက် PDF အမည်ခံ အကြမ်းဖက်သမားများ၏ လူမဆန်သည့် ရက်စက်ယုတ်မာရိုင်းစိုင်းမှုများကို ပြင်းထန်ပြတ်သားစွာ ကန့်ကွက်ရှုတ်ချကြောင်းနှင့် NLD အစွန်းရောက်များ၏ အကြမ်းဖက်လှုပ်ရှားမှု အမြန်ဆုံး ပပျောက်အောင် အကြမ်းဖက်သမား လှုပ်ရှားမှုရှိရာဒေသများတွင် ဒေသခံပြည်သူများ အေးချမ်းစွာ နေထိုင်နိုင်ရေး အကြမ်းဖက်နှိမ်နင်းရေး လုပ်ငန်းများကို ထိရောက်စွာ အလေးထား ဆောင်ရွက်ပေးပါရန် တိုက်တွန်းတောင်းဆိုသည်။


Myanmar National Post


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)