မန္တလေး၊ အောက်တိုဘာ ၂၇
ယနေ့ မန္တလေးမြို့ ကညနရုံးရှေ့တွင် NLD, PDF အကြမ်းဖက်သမားများက ဖောက်ခွဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ ၏ ထုတ်ပြတ်ချက်အရ မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ သိပ္ပံလမ်းပေါ်ရှိ ကညနရုံးရှေ့တွင် ယနေ့နံနက် ၁၁ နာရီကျော်ခန့်က ဗုံးပေါက် ကွဲမှု ဖြစ်ပွားခဲ့ရာ ဆိုင်ကယ် (10)စီးခန့် မီးလောင်ကျွမ်းမှု ဖြစ်ပွါးခဲ့ပြီး ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများ ရှိခဲ့ကြောင်း၊ အဆိုပါ ဖြစ်ပွါးရာ နေရာ တွင် လူနာများရှိကြောင်း သတင်းအရ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်း ကော်မတီ) ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှု အောက်ရှိ ညီနောင် အသင်းများ မှ အရေးပေါ် လူနာတင်ယာဉ်များ ကူညီရန် ထွက်ခွါသွားရောက်ခဲ့ပြီး ပထမအကြိမ် ပေါက်ကွဲမှု မှ လူနာ (၄) ဦး အားရွာဘုံအသင်း မှ လူနာတင်ယာဉ်ဖြင့် ဆေးရုံ သို့ ပို့ဆောင်ကူညီခဲ့ကြောင်း သိရသည်။
ထို့နောက် အရေးပေါ် လူနာများ မရှိတော့သဖြင့် ပြန်လည် ထွက်ခွါရန် ပြင်ဆင်နေစဉ် ဒုတိယအကြိမ် ထပ်မံ ပေါက်ကွဲမှု ဖြစ်ပွါးခဲ့ရာ ဒုတိယအကြိမ် ပေါက်ကွဲမှု ဖြစ်ပွါးရာ အနီးရှိ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းဒေသကြီး - ချမ်းမြသာစည်မြို့နယ်ရုံး) ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှု အောက်ရှိ ညီနောင် အသင်းအဖွဲ့များဖြစ်သော ရွှေမန္တလေး လူမှုကယ်ဆယ်ရေးအသင်း မှ (၃) ဦး နှင့် ဌာနီရှေ့ လူမှုကယ်ဆယ်ရေးအသင်း မှ (၂) ဦး၊ စုစုပေါင်း အဖွဲ့ ဝင် (၅) ဦး ထိခိုက်ဒဏ်ရာရှိခဲ့ပြီး အဆိုပါ လူနာများအား မန္တလေးဆေးရုံကြီး - အရေးပေါ်လူနာဌာန သို့ ပို့ဆောင်ကာ ကုသမှုများ ဆောင်ရွက်လျှက် ရှိကြောင်းသိရသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment