မိတ္ထီလာ၊ အောက်တိုဘာ ၃၁
မိတ္ထီလာမြို့တွင် ယမန်နေ့ အောက်တိုဘာလ ၃ဝရက်နေ့ညပိုင်းနှင့် ယနေ့ အောက်တိုဘာလ ၃၁ ရက်နေ့နံနက်ပိုင်းအချိန်တို့တွင် မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် ပေါက်ချောင်းရပ်ကွက်ရှိ လူနေအိမ် ဝန်းတချို့နှင့်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ရုံးအတွင်း မိုးရေ ဝင် ရောက်မှုများ ဖြစ်ပွားခဲ့ကြောင်းသိရသည်။
မနေ့ညပိုင်းအချိန်နဲ့ ဒီနေ့မနက်အစောပိုင်းအချိန်မှာမိတ္ထီလာမှာ မိုးအဆက်မပြတ်ရွာသွန်း ခဲ့တာကြောင့် ပေါက်ချောင်းရပ်ကွက်မှာရှိတဲ့ လူနေအိမ်ဝန်းတချို့နဲ့ ကျွန်တော်တို့ ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ရုံးဝန်း အတွင်းရော၊ ရုံးအဆောက်အအုံအတွင်းရော မိုးရေတွေဝင်ရောက် ခဲ့ပါတယ်။ ကျွန်တော်တို့ရုံးထဲကို မနေ့ည ၂ နာရီအချိန်က တည်းစတင်ပြီး မိုးရေဝင်ရောက်မှု ဖြစ်ခဲ့ပြီး ရုံးခန်းအဆောက်အအုံထဲမှာ မိုးရေဝင်တာမို့ စာရွက်စာတန်းတွေ မိုးရေထိကုန် တာ
ကြောင့် အခုမနက်ပိုင်းပြန်ပြီး အခြောက်ခံစက်နဲ့ပြန်ပြီး အပူပေး ပြန်ပြုပြင်ယူရပါတယ်။ ရုံးခန်းထဲအထိဝင်ရောက်တဲ့မိုးရေတွေကိုလည်း လူအင်အား စက်အင်အားနဲ့ပြန်စုပ်ထုတ် ဖို့ပြင်ဆင် နေပါတယ်။ မိုးသည်းထန်ပြီးအဆက်မပြတ်ရွာသွန်း တဲ့နှစ်တိုင်း အခုလို မိုးရေ ဝင်ရောက်မှုဖြစ်လေ့ရှိပါတယ်ဟု ခရိုင်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးနေဦးက ပြောသည်။
အဆိုပါကြက်ခြေနီရုံးဝန်းနှင့် ရုံးခန်းအတွင်းနေရာများသို့ မိုးရေဝင်ရောက်မှုဖြစ်ပွားသကဲ့သို့ ၎င်းနှင့်ကပ်လျက်မြန်မာ့စီးပွားရေးဘဏ်နေရာဝန်းအတွင်းနေရာများ၊ ပေါက်ချောင်းရပ်ကွက်ရှိ ငါးမွေးမြူ ရေးကန် တောင်ဘက်နှင့်မြောက်ဘက် ရပ်ကွက်နယ်မြေများရှိ လူနေအိမ်တချို့ တွင်လည်း မိုးရေများ အများအပြားဝင်ရောက်မှုဖြစ်ပွားခဲ့သည်။
သတင်း - ချမ်းသာ
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment