Pages

Pages

ကြံခင်းမြို့နယ်အတွင်း အသက်အကြီးဆုံး အဘွားအား ဂုဏ်ပြုထောက်ပံ့ ငွေပေးအပ်




ကြံခင်း၊ အောက်တိုဘာ ၃၀

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန  လူမှုဝန်ထမ်းဦးစီးဌာနမှ" အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့"ကို ဂုဏ်ပြုသော အားဖြင့်  အသက်အကြီးဆုံး အဘိုး/အဘွားများကို ဂုဏ်ပြုထောက်ပံ့ငွေပေးအပ်ရာ ကြံခင်းမြို့နယ်အတွင်း အသက်(၁၀၇) နှစ်ရှိ အဘွားဒေါ်လှတင်နေထိုင်သော ခုံကြီးကျေးရွာသို့ ယနေ့နံနက်(၁၀)နာရီအချိန်က ဂုဏ်ပြုထောက်ပံ့ ငွေသွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးမှူး ဒေါ်မြတ်မြတ်သိန်းနှင့် ဝန်ထမ်းများက ကြံခင်းမြို့နယ်အတွင်း အသက်အကြီးဆုံး အသက်(၁၀၇)နှစ်ရှိအဘွား ဒေါ်လှတင်အားဂုဏ်ပြု ထောက်ပံ့ငွေကျပ် (၁၀၀၀၀၀)ကို လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်း - မိုးမိုး(ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment