Pages

Pages

သာစည်မြို့နယ်၌ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကကွယ်ဆေး (ပထမအကြိမ်) ဆက်လက်ထိုးနှံပေး



သာစည်၊ အောက်တိုဘာ   ၂၉

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၌ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး (ပထမအကြိမ်) အဖြစ် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ယနေ့နံနက် ၉ နာရီက  ဆက်လက် ထိုးနှံပေးခဲ့ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

အသက် ၁၂ နှစ်နှင့်အထက် အခြေခံပညာကျောင်းသား/သူများအား ပညာသင်ယူနိုင် ခွင့် အခွင့်အလမ်းများ ပိုမိုရရှိစေရေးအတွက် အောက်တိုဘာ ၁၇ ရက်နေ့မှ စတင်၍ Sinovac အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ပထမအကြိမ်အဖြစ် ထိုးနှံပေးလျက်ရှိရာ ယနေ့တွင်  အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား/သူ အထက်တန်းဆင့် ၇၅ ဦး၊ အလယ်တန်းဆင့် ၆၉ ဦး၊ စုစုပေါင်း ၁၄၄ ဦး တို့အား ကာကွယ်ဆေး ထိုးနှံ‌ပေးခဲ့သည်။

သာစည်မြို့နယ်၌ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ ပညာရေး ဌာန ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာန ဝန်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်း၍ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်) အဖြစ် အထက်တန်းဆင့် ၂၂၈၇ ဦး၊  အလယ်တန်း ဆင့် ၆၄၂၁  ဦး၊ စုစုပေါင်း ၈၇၀၈ ဦးတို့အား ထိုးနှံပြီးဖြစ်‌ကြောင်း မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment