Pages

Pages

မိုင်းဆတ်မြို့၌ ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ



မိုင်းဆတ်၊ အောက်တိုဘာ  ၃၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ကျင်းပခဲ့ကြောင်း သိရ သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်က မိမိတို့ဌာနဆိုင်ရာများအနေဖြင့်ဌာန အလိုက် လုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေး၊ ဌာနဆိုင်ရာအချင်းချင်း လုပ်ငန်းလိုအပ်ချက်ရှိပါက ပူးပေါင်း ဆောင်ရွက်နိုင်ရန် ဆွေးနွေးတင်ပြရေး၊ မိုင်းဆတ်မြို့အတွက် ဝယ်ယူထားသည့် အောက်ဆီဂျင် ထုတ် စက်အဆင်ပြေချောမွေ့စွာ လည်ပတ်နိုင်ခဲ့ပြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဝိုင်းဝန်း ထိန်းသိမ်း ဆောင် ရွက်ရေး ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်မှူး ဦးကိုကိုနိုင်က ပန်းခင်း စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ ဒုတိယ မြို့နယ် ပညာရေးမှူး ဦးမြင့်ဝင်းလှ က ကျောင်းသား၊ ကျောင်းသူများကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံ ပေးနေမှု အခြေအနေများကိုလည်းကောင်း၊ တက်ရောက်လာသည့်ဌာနဆိုင်ရာတာဝန်ရှိသူများက ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ဝိုင်းဝန်းဆွေးနွေးတင်ပြခဲ့ကြသည်။

ထို့နောက် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက ရပ်ကွက်၊ ကျေးရွာအတွင်း လိုအပ်ချက်များကို ဆွေးနွေးတင်ပြခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်က လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းပြန်လည်ပြောကြားခဲ့သည်။

သတင်း - မြင့်မောင်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment