ကျိန္တလီ၊ အောက်တိုဘာ ၂၈
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ စုရပ်၌ အသက်(၅၅)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်မှ ညနေ(၄) နာရီအချိန်အထိ ဒုတိယအကြိမ် တတိယနေ့ ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် ကျိန္တလီမြို့တွင် ရပ်ကွက်/ကျေးရွာ အုပ်စုများမှ အသက်(၅၅)နှစ်အ ထက်ပြည်သူများနှင့် ဦးတည်အုပ်စုတွင်ပါဝင်သည့် ပြည်သူများအား ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးနှံရန်ရောက်ရှိလာသော ပြည်သူများကို ကျန်းမာရေးဝန်ထမ်းများက ပထမအကြိမ်ကာကွယ်ဆေး ထိုးနှံစဉ်က ကွန်ပျူတာတွင် ရေးသွင်းထားသော အမည်စာရင်းအား မှန်ကန်မှု ရှိ/မရှိ QR ကုတ်အား Scan ပြုလုပ်ခြင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက အမည်စာရင်းရေးသွင်းခြင်း၊ ကျန်းမာရေး ဝန်ထမ်းမျာက ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးခြင်း၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လုံခြုံရေးဝန်ထမ်းများနှင့် ရပ်ကွက်/ကျေးရွာများ အုပ်ချုပ်ရေးမှူးများက လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ဆက်လက်၍ ကျိန္တလီမြို့တွင် ရပ်ကွက်/ကျေးရွာအုပ်စုများမှ အသက်(၅၅)နှစ်အထက် ပြည်သူ(၂၉၆)ဦး၊ နိုင်ငံ့ဝန်ထမ်း (၂)ဦး၊ သံဃာတော် (၁)ပါး၊ ပုဂ္ဂလိကစက်ရုံအလုပ်ရုံဝန်ထမ်း (၅)ဦး၊ မသန်စွမ်း (၁)ဦး စုစုပေါင်း (၃၀၅)ဦးအား ဒုတိယအကြိမ် တတိယနေ့ ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
သတင်း - ခိုင်မိုးမင်း
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment