Pages

Pages

မွန်ပြည်နယ်ဝန်ကြီးချုပ် မော်လမြိုင်ခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတိုးတက်စေရေး တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး







မော်လမြိုင်၊ အောက်တိုဘာ  ၃၀

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့်အတူ မော်လမြိုင်ခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးတက်စေရေးအတွက် ယမန်နေ့ နံနက် ၁၀ နာရီက မော်လမြိုင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ရွှေမြိုင်ခန်းမ၌ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ မော်လမြိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံခဲ့သည်။

တွေဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ အနေဖြင့် တည်ဆဲ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး၊ လုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်ရန် လိုကြောင်း၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီနေထိုင်ကြရေး၊ ရပ်/ရွာလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့်တရား ဥပဒေစိုးမိုးရေး အထူးဂရုစိုက်ကြပ်မတ်ဆောင်ရွက်ကြရန် လိုကြောင်း၊ ဒေသအကျိုးကိုလည်း ကျေပွန်အောင် လိုက်နာဆောင်ရွက်ကြရမည်ဖြစ်သည့်အပြင် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ၊ လိုအပ် ချက်များကိုတင်ပြဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်းနှင့် တင်ပြချက်များအပေါ် သတ်မှတ်ဘဏ္ဍာ ရေးနှစ်အလိုက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လမ်းညွှန်မှာကြားသည်။

ထို့နောက် တက်ရောက်ကြသည့် ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှူးများက ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်း၍ လိုအပ်သည်များ တင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် သက်ဆိုင်ရာ ဌာနတာဝန်ရှိသူတို့က ပေါင်းစပ်ညှိနှိုင်းပေးသည်။

မွန်ပြည်နယ်တွင် ခရိုင် ၂ ခရိုင်၊ မြို့နယ် ၁၀ မြို့နယ် ၊ မြို့ ၇ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု ၄၇၄ အုပ်စု၊ကျေးရွာပေါင်း ၁၁၄၃ ရှိပြီး မော်လမြိုင်မြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာ ၄၂ ခုတို့၏ ဒေသတွင်းလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပြည်သူ့ အကျိုးပြု လုပ်ငန်းများအပြင် မြို့နယ်၊ရပ်ကွက်၊ ကျေးရွာ သန့်ရှင်းသာယာလှပစေရေးတို့အတွက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်း - ဇာဖြူဝင်း(ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment