Pages

Pages

တရုတ်နိုင်ငံတွင် အလုပ်သွားရောက်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများအား ဆက်လက်လက်ခံလျက်ရှိ




ချင်းရွှေဟော်၊ အောက်တိုဘာ ၂၈

မြန်မာနိုင်ငံသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပြန်လည်လွှဲပြောင်းပေးရန် အကြောင်းကြားထားသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်းတုန်ပြည်နယ်အတွင်းရှိ အကျဉ်းထောင်များတွင် ပြစ်ဒဏ်ကျခံနေသည့် မြန်မာနိုင်ငံသား အမျိုးသား(၇၇)ဦး၊ အမျိုးသမီး (၈၂)ဦး၊ စုစုပေါင်း(၁၅၉)ဦးတို့အား တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နယ်ခြားစောင့် လူဝင်မှုစစ်ဆေးရေးဌာနမှ ရဲမှူး ကျန်းကျင်းကွေး ဦးဆောင်သောအဖွဲ့က ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ချင်းရွှေဟော်မြို့၊ မြန်မာ-တရုတ် နယ်စပ်စစ်ဆေးရေးဂိတ် ယမန်နေ့  ညနေ (၆) နာရီအချိန်က လာရောက်လွှဲပြောင်းပေးအပ်ခဲ့ရာ  တာဝန်ရှိဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့က လက်ခံဆောင်ရွက် ခဲ့ကြောင်း သိရသည်။

အဆိုပါ ရွှေ့ပြောင်းလုပ်သားများသည် (၂၀၁၉) ခုနှစ် အတွင်းက ချင်းရွှေဟော်မြို့၊ မူဆယ်မြို့ နယ်စပ်ဂိတ်များမှ ယာယီနယ်စပ်ဖြတ်သန်းခွင့်စာအုပ်ပြုလုပ်၍ တရုတ်နိုင်ငံအတွင်းသို့ ဝင်ရောက် ခဲ့ပြီး ကွမ်းတုန်ပြည်နယ်နှင့် ဟဲနန်ပြည်နယ် အတွင်းရှိ မြို့များတွင် ဝင်ရောက် လုပ်ကိုင်လျက်ရှိရာ နယ်မြေကျော်ဝင်ရောက်မှုဖြင့်တရုတ်ရဲမှ ဖမ်းဆီးပြီးပြစ်ဒဏ်များ ကျခံခဲ့ရာမှ မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့သူများဖြစ်သည်။

မြန်မာနိုင်ငံသို့ပြန်လည်လွှဲပြောင်းပေးခဲ့သည့် အဆိုပါ နေရပ်ပြန် မြန်မာနိုင်ငံသားများတွင် အမှတ်(၂) လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့စိတ်မှ တာဝန်ရှိသူများ၏ စစ်ဆေးချက်အရ ၎င်းတို့မှာလူကုန်ကူးခံရသည့် ဖြစ်စဉ်များ မရှိကြောင်း စိစစ်တွေ့ရှိရပါသည်။

၎င်းတို့တွင် လတ်တလော ဖြစ်ပွားနေသည့် ကိုဗစ်(၁၉)   ရောဂါလက္ခဏာများ မတွေ့ရှိရသော်လည်း တရုတ်နိုင်ငံမှ ပြန်လာသူများဖြစ်၍  ကိုဗစ်(၁၉)ကော်မတီ၏ စောင့်ကြည့်စစ်ဆေးမှုခံယူရန်   ရပ်ကွက်(၃)ရှိ အခြေခံပညာ အထက်တန်းကျောင်းယာယီ Quarantine Centre နှင့် ရပ်ကွက်(၁)ရှိ ယာယီအဆောက်အဦးသို့  ပို့ဆောင်ထားရှိပြီး

ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များ နှင့်အညီ ကုသရေးဦးစီးဌာနမှ သတ်မှတ်ရက်အတွင်း ကျန်းမာရေးစစ်ဆေးမှုများ ထပ်မံဆောင်ရွက် သွားမည်ဖြစ်ပြီး Negative ရလဒ်ထွက်ရှိပါက သက်ဆိုင်ရာ ဒေသအသီးသီးတွင် ဆက်လက် Quarantine ဝင်ရောက်သွားရန် ပြန်လည်စေလွှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - စည်သူမောင်မောင်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment