ထန်းတပင်မြို့နယ်တွင် (၃၄)အကြိမ်မြောက် ဆွမ်းအောင်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ထန်းတပင်မြို့နယ်တွင် (၃၄)အကြိမ်မြောက် ဆွမ်းအောင်ပွဲကျင်းပ



ထန်းတပင်၊ အောက်တိုဘာ  ၂၉

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် ပုညကာရီဆွမ်းလောင်းအသင်းမှ ကြီးမှူး၍ ကျင်းပ ပြုလုပ်သော (၃၄)အကြိမ်မြောက်အဖြစ် ဆွမ်းအောင်ပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၂)ရပ်ကွက်ရှိ မြို့ကျက်သရေဆောင် တဝရွှေဂူကြီးဘုရား အာရုဏ်ခံတန်ဆောင်းအတွင်းတွင် ကျင်းပပြုလုပ် ခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ ဆွမ်းအောင်ပွဲသို့ ကြွရောက်တော်မူကြသည့် သံဃာတော်အရှင်သူမြတ်များမှ ပရိတ် တရားတော်မြတ်များကို ရွတ်ပွားသရဇ္ဇယ် ချီးမြှင့်တော်မူခဲ့ကြသည်။ ဆက်လက်၍ မြသိန်းတန် ဘုရားကြီးပရိယတ္တိစာသင်တိုက် ဦးစီးပဓာန၊ နာယကဆရာတော် ဘဒ္ဒန္တသုမနထံမှ မြို့နယ်ဌာန ဆိုင်ရာ တာဝန်ရှိသူများနှင့် အသင်းသူ၊ အသင်းသားများက ငါးပါးသီလခံယူ ဆောက်တည်ခဲ့ကြပြီး အနုမောဒနာရေစက်ချ တရားတော်မြတ်နာကြားကြကာ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။

ထို့နောက် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များကို ပုညကာရီ ဆွမ်းလောင်းအသင်းသူ၊ အသင်းသားများက လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ပြီး နေ့ဆွမ်းကို ဆက်ကပ် လှူဒါန်းခဲ့ကြသည်။

(၃၄)ကြိမ်မြောက်အဖြစ် အာရုဏ်ဆွမ်းလောင်းလှူခြင်းကို (၁၃၈၃)ခုနှစ် ဝါဆိုလပြည့်နေ့မှ သီတင်းကျွတ်လပြည့်နေ့အထိ ဝါတွင်း(၃)လအတွင်း ထန်းတပင်မြို့ပေါ် (၅)ရပ်ကွက်ရှိ ဘုန်းတော်ကြီးကျောင်း (၉)ကျောင်းတို့တွင် သီတင်းသုံး နေထိုင်တော်မူကြကုန်သော ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များကို မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ၊ ယာဉ်လိုင်းများ၊ အသင်းအဖွဲ့များ၊ ပုဂ္ဂလိကအလှူရှင်များနှင့် ပုညကာရီဆွမ်းလောင်းအသင်းတို့မှ အာရုဏ်ဆွမ်းကို အလှည့်ကျ လှူဒါန်းခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ဇင်မင်းထိုက်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)