Pages

Pages

၂၀၂၀ ကျောင်းအပ်နှံရန် ကျန်ရှိသည့် အဝေးသင် ကျောင်းသား/ ကျောင်းသူများ ကျောင်းအပ်မှတ်ပုံတင်ရန် ကြေညာ


နေပြည်တော်၊ အောက်တိုဘာ ၃၁

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်အသီးသီး၏ အဝေးသင်ဌာနများတွင် ဝိဇ္ဇာ၊ သိပ္ပံ အထူးပြုဘာသာရပ်များဖြင့် ၂၀၂၀ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရန် ကျန်ရှိသည့် အဝေးသင်ကျောင်းသား၊ ကျောင်းသူများသည် ကျောင်းအပ် မှတ်ပုံတင်ရန် ကြေညာထားသည်။ 


ပညာရေးဝန်ကြီးဌာန၏ ကြေညာချက်တွင်  (၁-၁၁-၂၀၂၁)ရက်မှ (၉-၁၁-၂၀၂၁) ရက်နေ့အထိ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များအပါအဝင် ကျောင်းအပ် လက်ခံသွားမည်ဖြစ်ပြီး ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ်၊ ပဉ္စမနှစ် အားလုံး လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။


အဝေးသင်တက္ကသိုလ်ဌာနခွဲ မြစ်ကြီးနား၊ ဗန်းမော်၊ မိုးညှင်း၊ လွိုင်ကော်၊ ဘားအံ၊ ပုခုက္ကူ၊ ဟားခါး၊ မုံရွာ၊ ကလေး၊ ရွှေဘို၊ စစ်ကိုင်း၊ ထားဝယ်၊ မြိတ်၊ တောင်ငူ၊ ပြည်၊ ပဲခူး၊ မကွေး၊ ရေနံချောင်း၊ မန္တလေး၊ ရတနာပုံ၊ မိတ္ထီလာ၊ ကျောက်ဆည်၊ မြင်းခြံ၊ မန္တလာ၊ မော်လမြိုင်၊ စစ်တွေ၊ တောင်ကုတ်၊ ရန်ကုန်၊ ဒဂုံ၊ ရန်ကုန်အရှေ့ပိုင်း၊ ရန်ကုန်အနောက်ပိုင်း၊ တောင်ကြီး၊ ပင်လုံ၊ လားရှိုး၊ ကျိုင်းတုံ၊ ပုသိမ်၊ ဟင်္သာတ၊ မအူပင် အဝေးသင်ဌာနခွဲများအားလုံး ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment