Pages

Pages

ပုဏ္ဏားကျွန်းမြို့နယ်တွင်“ပန်းခင်းစီမံချက်”ဖြင့် ဆောင်ရွက်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား များ ပေးအပ်

  



ပုဏ္ဏားကျွန်း၊ အောက်တိုဘာ  ၂၉

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက် (၄)ရပ်နှင့်အညီ ဆောင်ရွက်ထားရှိသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲကို ယနေ့နံနက် (၁၀)နာရီ က မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး ခန်းမဆောင်၌ ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်သိန်း က အဖွင့်အမှာစကား ပြောကြားပြီး၊   လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ  မြို့နယ်ဦးစီးမှူး ဦးဝင်းမြင့် က  “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ပန်းခင်းစီမံချက်(၄)ရပ်နှင့်အညီ  အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ရရှိနိုင်ရေးတို့အတွက်  ဆောင်ရွက်ပေးနေမှုအခြေအနေတို့ကို ရှင်းလင်းပြောကြားသည်။    ထို့နောက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ကိုလင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကျော်နု တို့က ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ထားသော  နိုင်ငံသားစီစစ်ရေးကတ်ပြား အခု ၂၀၅ အား သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ ပေးအပ်ခဲ့ကြသည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ထားသည့်  အိမ်ထောင်စုလူဦးရေစာရင်းနှင့်  နိုင်ငံသားစိစစ်ရေးကတ်ပြားများမှာ ကန်ချောင်းကျေးရွာအုပ်စု၊ အောင်ဆိပ်ကျေးရွာအုပ်စု၊ မြင်းကတ္တောကျေးရွာအုပ်စု၊ သာစည်ကျေးရွာအုပ်စုနှင့် ယိုးငူကျေးရွာအုပ်စုတို့မှ အမျိုးသား ၅၉ ဦး၊ အမျိုးသမီး ၁၄၆ ဦးတို့အတွက် စုစုပေါင်း နိုင်ငံသားစိစစ်ရေးကတ်ပြား (၂၀၅)ခုအား ပေးအပ်ခဲ့ကြောင်း သိရသည်။

နီထွန်းအောင်(ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment