ပခုက္ကူ၊ အောက်တိုဘာလ ၂၉
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ (အောက်တိုဘာလမှ မတ်လအထိ) ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ပခုက္ကူမြို့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မြဧရာ(၁)ခန်းမ၌ ကျင်းပသည်။
တာဝန်ပေးအပ်ပွဲတွင် ပခုက္ကူခရိုင်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းလှိုင်က ဌာနဆိုင်ရာများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလများအတွင်း မိမိတို့ယခင်နှစ်လုပ်ငန်းများ၏ အားသာချက်၊ အားနည်းချက်များကို လေ့လာ သုံးသပ်ပြီး ယခုပေးအပ်သည့်တာဝန်များကို မိမိတို့နိုင်ငံတော်နှင့် ပြည်သူများ၏ အကျိုးစီးပွား၊ ဒေသအကျိုးစီးပွားများ အမှန်တကယ် ဖြစ်ထွန်းအောင်မြင် တိုးတက်စေမည့် လုပ်ငန်းများ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း အမှာစကား ပြောကြားပြီး ပခုက္ကူခရိုင် စီမံကိန်းရေးဆွဲရေး ဦးစီးဌာန၊ ခရိုင်စီမံကိန်းဦးစီးမှူး ဦးထင်ကျော်က ပခုက္ကူခရိုင်၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ (အောက်တိုဘာလမှ စက်တင်ဘာလအထိ) ဒေသန္တရစီမံကိန်း ရည်မှန်းချက်များအပေါ် အမှန်တကယ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု အခြေအနေများနှင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ (၆)လ (အောက်တိုဘာလမှ မတ်လအထိ) ဒေသန္တရစီမံကိန်း ရည်မှန်းချက်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ်၊ (၆)လ (အောက်တိုဘာလမှ မတ်လအထိ) ဒေသန္တရစီမံကိန်း ရည်မှန်းချက်များအား ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ ပေါက်၊ ဆိပ်ဖြူမြို့နယ အုပ်ချုပ်ရေးမှူးများအား လည်းကောင်း၊ လယ်ယာကဏ္ဍကြီးအတွက် ခရိုင်စိုက်ပျိုးရေး ဦးစီးဌာနအား လည်းကောင်း၊ စက်မှုကဏ္ဍကြီးအတွက် ပခုက္ကူမြို့၊ အမှတ်(၅)အထည်စက်ရုံအား လည်းကောင်း၊ ဝန်ဆောင်မှု ကဏ္ဍကြီးအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ပခုက္ကူခရိုင်ရုံးအား လည်းအကောင်း တာဝန်ရှိသူများက လုပ်ငန်း တာဝန်များ အသီးသီး လွှဲပြောင်းပေးအပ် ကြသည်။
ပခုက္ကူခရိုင်အနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် စီမံကိန်းရည်မှန်းချက်တန်ဖိုး ၁၉၈၃ ဒသမ ၂၅၃ ဘီလီယံအပေါ်တွင် ၁၇၄၂ဒသမ၂၂၉ ဘီလီယံအကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၈၇ဒသမ၈ရာခိုင်နှုန်းရှိကြောင်း၊ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုနှုန်း မြင့်မား လာခြင်းကြောင့် လုပ်ငန်းအချို့ရပ်နားခြင်း၊ ကုန်ထုတ်လုပ်မှုလျော့နည်းကျဆင်းခြင်း၊ စိုက်ပျိုး ရေးသီးနှံအချို့ အထွက်နှုန်း နည်းပါးခြင်းတို့ ကြုံတွေ့ခဲ့ရပြီး ယခင်နှစ်နှင့်နှိုင်းယှဉ်လျှင် ၄ ဒသမ ၇ ရာခိုင်နှုန်း လျော့နည်းသည်ကို တွေ့ရှိရကြောင်း၊ ယခု ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ ဒေသန္တရ စီမံကိန်းတွင် လယ်ယာကဏ္ဍကြီးအတွက် ၂၀ဒသမဝရာခိုင်နှုန်း၊ စက်မှု ကဏ္ဍကြီးအတွက် ၄၀ဒသမ၃ရာခိုင်နှုန်း၊ ဝန်ဆောင်မှုကဏ္ဍကြီးအတွက် ၃၉ဒသမ၇ရာခိုင်နှုန်းတို့ဖြင့် အသီးသီး ပါဝင်ကြောင်း၊ ပခုက္ကူခရိုင်အတွင်းရှိ ဒေသခံပြည်သူများ၏ လူနေမှုဘဝဖွံ့ဖြိုး တိုးတက်ရေး အတွက် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထား အကောင်အထည်ဖော် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ခရိုင်အတွင်းရှိ ဌာနဆိုင်ရာများအနေဖြင့် နိုင်ငံပိုင်အခန်း ကဏ္ဍ၏ ရင်းနှီးမြှပ်နှံမှုဆိုင်ရာ တည်ဆောက်ရေး လုပ်ငန်းများအား သတ်မှတ်စံချိန်စံညွှန်း အရည်အသွေးများ ပြည့်မီအောင် ဆောင်ရွက်ရန်နှင့် လစဉ်ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ခရိုင်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီထံ အချိန်မီပေးပို့ကြရန် လိုအပ်ကြောင်း ခရိုင်စီမံကိန်းဦးစီးမှူး ဦးထင်ကျော်ထံက သိရသည်။
သတင်း - ဆလိုင်းကိုကီး(ပြန်/ဆက်)
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment