Pages

Pages

ဘားအံမြို့တွင် တပ်မတော် ထောက်ခံပွဲ ကျင်းပ






ဘားအံ၊ အောက်တိုဘာ ၃၀

ကရင်ပြည်နယ်၊ဘားအံမြို့၊ ဇွဲကပင်တောင်ခြေတွင် ယနေ့ အောက်တိုဘာ (၃၀)ရက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ အိမ်စောင့်အစိုးရ နှင့် မြန်မာ့တပ်မတော်အား ထောက်ခံပွဲ အခမ်းအနား ကျင်းပ ပြုလုပ်ကြောင်း သိရသည်၊၊ 

တပ်မတော်ထောက်ခံပွဲကို တက်ရောက်လာသူများက မြန်မာ့တပ်မတော်ကို အပြည့်အဝ ထောက်ခံပါသည်၊ ပြည်ပအားကိုး ပုဆိန်ရိုးများအား ဆန့်ကျင်ကြ ဗီနိုင်းပိုစတာများ ကိုင်ဆောင်၍ ပါဝင်ခဲ့ကြသည်။

အလားတူ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပုသိမ်နှင့် အနယ်နယ်အရပ်ရပ်တွင် တပ်မတော်ထောက်ခံပွဲများ ကျင်းပခဲ့ကြပြီး တပ်မတော်ထောက်ခံပွဲတွင် ပါဝင်ခဲ့ကြသည့် ပြည်သူများက ပြည်ပစွက်ဖက်မှုများကို အလိုမရှိကြောင်း၊ NUG, PDF အကြမ်းဖက်အဖွဲ့များကို အမြစ်ပြတ်ခြေမှုန်းပေးရန် တောင်းဆိုခဲ့ကြသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment